ဘာလင်း – မတ်(၁၉) 

ဂျာမနီနိုင်ငံအစိုးရက တယ်လီကွန် အော်ပရေတာတွေကို နိုင်ငံရဲ့ 5G ကွန်ရက်တွေထဲမှာ တရုတ် ပိုင် ဟွာဝေးနဲ့ ZTE ရဲ့ အစိတ်အပိုင်းတွေအသုံးပြုပြီး ဝင်ရောက်တာကို တားမြစ်ခဲ့တယ်လို့ ဒေသ တွင်း မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။ 

အစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Zeit Online သတင်းဌာက ကွန်ရက်တွေအသုံးပြုဖို့ အတွက် အဲဒီကုမ္ပဏီတွေရဲ့ အစိတ်အပိုင်းတွေ ဝင်ရောက်တပ်ဆင်ထားတာကို အစားထိုးဖို့ရှိနေ တယ်လို့ ဖော်ပြထားတာပါ။ 

လက်ရှိမှာတော့ ဂျာမန်အစိုးရဟာ တရုတ်ထိပ်တန်း ကုန်သွယ်ရေးမိတ်ဖက်တွေနဲ့ ဆက်ဆံရေးကို ကျယ်ပြန်စွာ အကဲဖြတ်ဖို့ ဆောင်ရွက်နေချိန်မှာ အခုလိုပိတ်ဆို့တားမြစ်ရေး အစီအစဉ်ချမှတ်ခဲ့ တာဖြစ်ပြီး ဒီအခြေအနေကိုလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ 

Huawei နဲ့ ZTE ဟာ တရုတ်လုံခြုံရေးဝန်ဆောင်မှုတွေနဲ့ အနီးကပ်ချိတ်ဆက်မှုရှိတယ်လို့ ဝေဖန် မှုတွေရှိပေမယ့် တရုတ်ပိုင်မဟုတ်တဲ့ ပြိုင်ဘက်တွေကို ထောက်ခံလိုတဲ့ ဝါဒီတွေရဲ့လှုံ့ဆော်မှုတွေ ကြောင့် ဖြစ်ရတာလို့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ပြောပါတယ်။ 

ဂျာမန်နီ အစိုးရက ထုတ်ပြန်ဖို့ရှိနေတဲ့ တားမြစ်ချက်တွေနဲ့ ပတ်သက်ပြီး ရိုက်တာရဲ့ မှတ်ချက် တောင်းခံမှုကိုတော့ အဲဒီကုမ္ပဏီတွေက ပြန်လည်တုံ့ပြန်တာမရှိဘူးလို့ မူရင်းသတင်းမှာ ဖော်ပြ ထားပါတယ်။ 

မျိုးဆက်သစ်ကွန်ရက်တွေအတွက် တယ်လီဆက်သွယ်ရေး ကိရိယာတွေ ထုတ်လုပ်မယ့် သူတွေကို ကန့်သတ်ထားတဲ့ IT လုံခြုံရေး ဥပဒေကို ၂၀၂၁ ခုနှစ်မှု ပြဌာန်းထားပေမယ့် Huawei နဲ့ ZTE အပေါ်ပိတ်ဆို့ချက်တွေကို တခြားနိုင်ငံတွေ ဆောင်ရွက်တဲ့အတိုင် သတ်မှတ်မှာမဟုတ် ဘူးလို့ သိရပါတယ်။ 

မြေပြင်အခြေအနေမှာတော့ ဂျာမနီဟာ သူတို့ရဲ့ 5G ကွန်ရက်အတွက် ဟွာဝေးအပေါ်မှာ မှီခိုနေရ ပြီး အော်ပရေတာတွေအနေနဲ့လည်း အဓိက ကွန်ရက်တွေမှာ ကုမ္ပဏီရဲ့ နည်းပညာတွေသုံးစွဲတာ ကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ သတင်းအစီရင်ခံမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ 

Zeit Online သတင်းဌာရဲ့ ဖော်ပြချက်အရ ဂျာမန်အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေး အေဂျင်စီနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့က ဖွံ့ဖြိုးတိုးတက်လာတဲ့ သူတို့ရဲ့ 5G ကွန်ရက်အတွင်း ဂျာမနီရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်လာနိုင်ခြေရှိတဲ့ ပါဝင်ဖွဲ့စည်းမှုတွေ ရှိနိုင်တာကို စစ်ဆေးနေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဂျာမန်အစိုးရ အေဂျင်စီတွေရဲ့ စစ်ဆေးချက်တွေဟာ တရားဝင်ပြီးမြောက်တာ မရှိသေးပေမယ့် ရလဒ်ဟာ ရှင်းလင်းနေတယ်လို့ စာရွက်စာတမ်းတွေအရ သိနိုင်တယ်လို့ အစိုးရ သတင်းရင်းမြစ် တွေက ပြောပါတယ်။ 

ဒါ့အပြင် ဂျာမနီအစိုးရအနေနဲ့ အော်ပရေတာတွေက 5G ကွန်ရက်တွေထဲမှာ ဟွာဝေးနဲ့ ZTE ရဲ့ တချို့သော ထိန်းချုပ်ရေးကိရိယာတွေကို အသုံးပြုတာကို တားမြစ်ထားဖို့ရှိနေပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.