မော်လမြိုင် – မတ်(၁၇)
မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ မနေ့ မတ် (၁၆) ရက်နေ့ ညပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ တပ်တွင်း သတင်းအရင်း အမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုင်းလုံခြုံရေးအပြင် ဒရုန်းဖြတ်စနစ် အများအပြား အသုံးပြုထားတဲ့ စစ်ကောင်စီ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ကို မနေ့ ည ၁၀ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အဆောက်အဦး တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
တပ်တွင်းက လာတဲ့သတင်းတွေအရ ဒီတိုက်ခိုက်မှုဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရဟတ် ယာဉ်တွေ ထားတဲ့ အဆောက်အဦးကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့် ဒရုန်းဖြတ်စနစ် တပ်ဆင် ထားတာကြောင့် ထိမှန်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။
အရှေ့တောင်းတိုင်းစစ်ဌာနချုပ် အနီးအနား နေထိုင်တဲ့ ပြည်သူတစ်ဦးကတော့ တိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပြန်လည် ပစ်ခတ်တာ မကြားရပေမယ့် ဒီနေ့မှာတော့ လုံခြုံရေး အထူးတင်းကျပ်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေရှုတ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အရှေ့တောင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ဌာနချုပ် တည်ထောင်ပြီး ပထမဦး ဆုံးအကြိမ် တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင် ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မော်လမြိုင်အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ မွန်ပြည်နယ်နဲ့ ကရင် ပြည်နယ်ရဲ့ လုံခြုံရေး၊ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေကို အဓိက စီမံကွပ်ကဲတဲ့ စစ်ဌာန ချုပ်တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး