ကွာလာလမ်ပူ – မတ်(၁၇)
မလေးရှားအာဏာပိုင်တွေက လိင်အာသာဖြေအရုပ် ရောင်းချတဲ့ အမျိုးသမီးတစ်ဦး ရဲ့ နေအိမ် နဲ့ ဂိုထောင်ကို ဝင်ရောက်ရှာဖွေပြီးနောက် ရင်းဂစ် တစ်သမ်းကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ သိမ်း ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီးဟာ ကျားအင်္ဂါအတုတွေ၊လိင်အာသာဖြေအရုပ်တွေနဲ့ တခြား ပစ္စည်းတွေကို လပေါင်းများစွာ ရောင်းချခဲ့သူဖြစ်ပြီးသူမဆီမှာ ဝယ်ယူသူအများစုဟာ ချစ်သူနဲ့ ကာလရှည် ဝေးကွာနေတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက တင်သွင်းလာတဲ့ အရုပ်တွေကို သူမရဲ့ ဖောက်သည်တစ်ဦးက ရင်းဂစ် (၇၀) ကနေ (၄၅၀) အထိပေးနေတဲ့အချိန်မှာ ပြည်ထဲရေးအရာရှိတွေ က ဂိုထောင်ကို ဝင်ရောက်စီးနင်းခဲ့တာ ကြောင့် (၂၉) နှစ်အရွယ် လူတစ်ဦး ကံကောင်းသွားခဲ့တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၅) ရက်နေ့က ဝင်ရောက်စီနင်းမှုမှာ အာဏာပိုင်တွေဟာ ရင်းဂစ် (၁.၁) မီလျံတန်ဖိုးရှိတဲ့ လိင်အာသာဖြေအရုပ် (၂၂၉၂၉) ရုပ်ကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။
.
ဒီရှာဖွေသိမ်းဆည်းမှုဟာ ကုဒ်အမည် အော့ပ်စ်မာယာဆိုတဲ့ အမည်အောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာန ကဒုတိယအကြိမ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပထမအကြိမ်ရှာဖွေဖမ်းဆီးမှုကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ(၁၉) ရက်နေ့က ဆီပန်ခရိုင် ကိုတာဝါရီဆန်မြို့တစ်နေရာမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ကာ တားမြစ်ထားတဲ့ ပစ္စည်းတစ်ထောင်ကျော်သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ အရေးယူမှုနဲ့ ထိန်းချုပ်ရေး ဌာနခွဲအတွင်းရေးမှူး မစ္စတာ နစ်ခ်ယူဆိုင်မီက ဒီအမျိုးသမီးဟာ ပြစ်မှု အတွက် သက်ဆိုင်ရာ ရုံးတော်မှာ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အွန်လိုင်းကတဆင့် လိင်အာသာဖြေအရုပ်တွေကို စျေးနှစ်ဆ တင်ရောင်းချထားတာဖြစ်တယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးကို ကျင့်ဝတ်တန်ဖိုးများ ပျက်ပြားစေတာ၊ ဒါမှမဟုတ် အများပြည်သူရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သူ တွေကို ဝန်ကြီးဌာနက အရေးယူမှာဖြစ်တယ်လို့ မစ္စတာ နစ်ခ်ယူဆိုင်မီက ဆိုပါတယ်။
Ref: The Straits Times