ဝါရှင်တန်၊ မတ်(၁၇)
မြောက်ကိုရီးယားစစ်တပ်က နျူလက်နက်အသုံးပြုတာဟာ နိုင်ငံရဲ့ရပ်တည်မှုအဆုံးသတ်ခြင်းကို ဦးတည် သွားလိမ့်မယ်ဆိုတဲ့ အရင်ကသတိပေးချက်တွေအတိုင်း အမေရိကန်ဟာရပ်တည်နေမှာဖြစ်ပြီး ကင်မိသားစု အစိုးရကို အဆုံးသတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အမေရိကန်ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
“မြောက်ကိုရီးယားက နျူကလီးယားလက်နက်အသုံးပြုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပြီးသားလို့ထင်တယ်။ ဒါဟာ မြောက်ကိုရီးယားအစိုးရ အုပ်ချုပ်ရေးရဲ့ နိဂုံးချုပ်ဖြစ်လိမ့်မယ်လို့ ကျွန် တော်ထင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ပက်ထရစ်ရိုင်ဒါက မတ်(၁၄)ရက်နေ့အင်္ဂါနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားရဲ့ရန်လိုမှုတွေကို ဟန့်တားဖို့၊ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ မဟာမိတ်တွေ၊ ဒေသတွင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလွန်နီးကပ်စွာလုပ်ဆောင်နေတယ်လို့ပြောကြား ခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ အာရုံစူးစိုက်မှု ဖြစ်လာမယ်လို့ ရိုင်ဒါက ဆက်လက်ပြောကြားခဲ့တာပါ။
အဲဒီမူဝါဒဟာ အမျိုးသားကာကွယ်ရေးမဟာဗျူဟာမှာ ဖော်ပြထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ရပ်တည် ချက်လည်း ဖြစ်ပါတယ်။
” အမေရိကန် ဒါမှမဟုတ် သူ့ရဲ့မဟာမိတ်တွေနဲ့ မိတ်ဖက်တွေက မြောက်ကိုရီးယားရဲ့ ဘယ်လို နျူကလီယား တိုက်ခိုက်မှုကိုမဆို လက်သင့်ခံသွားမှာမဟုတ်ဘဲ သူ့ရဲ့အဆုံးသတ် အဆုံးအဖြတ်ကို ဖြစ်ပေါ်စေလိမ့်မယ်” လို့ ကာကွယ်ရေးဌာနက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့လကလည်း မြောက်ကိုရီးယားခေါင်းဆောင်တွေက အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့် မှုကို တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ မဆင်မခြင်စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် ကိုရီးယား ကျွန်းဆွယ်နဲ့ ဒေသတွင်းမှာ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေဟာ ပြင်းထန် တဲ့ အနီရောင်မျဉ်းကိုရောက်နေပါပြီလို့ မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။
ကြေညာချက်မှာ “နျူကလီး ယားအတွက် နျူကလီးယား ၊ ထိပ်တိုက်ရင်ဆိုင်မှုအတွက် အလုံးစုံ ထိပ်တိုက် ရင်ဆိုင်ရေး နိယာမအရ မြောက်ကိုရီးယား [ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ] ဟာ အမေရိကန်ရဲ့ စစ်ရေးကြိုးပမ်းမှုအပေါ် အပြင်းထန်ဆုံး တုံ့ပြန်မှာဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။
Ref: Fox News