တိုကျို – မတ်(၁၇)
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ လေးနှစ်နီးပါးကြာ နည်းပညာမြင့်ပစ္စည်းတွေနဲ့ ကုန်သွယ်မှု ဆိုင်ရာ အငြင်းပွားမှုကို ရုပ်သိမ်းဖို့ သဘောတူညီခဲ့ကြပြီး သမိုင်းကြောင်းတွေကြောင့် တင်းမာ နေတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို တွန်း လှန်ဖို့ အတူတကွ လုပ်ဆောင်မယ့် အလားအလာဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ မကြာခဏဆိုသလို ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ အိမ်နီးချင်း နှစ်နိုင်ငံဟာ ဘုံတူညီချက်ကို ရှောဖွေနေချိန် ဒီကြေညာချက်ဟာ သမ္မတ ယွန်းဆုခ်ယိုရဲ့ ဂျပန် နိုင်ငံကို (၁၂) နှစ်အတွင်း တောင်ကိုရီးယား သမ္မတ တစ်ဦးအနေနဲ့ လည်ပတ်ချိန်မှာ ပထမဆုံး ထွက်ပေါ်လာတာပါ။
စမတ်ဖုန်းမျက်နှာပြင်နဲ့ ချစ်ပ်တွေအတွက် အရေးကြီးတဲ့ ပစ္စည်းတွေ တောင်ကိုရီးယားကို တင်ပို့ တာနဲ့ ပတ်သက်လို့ ဂျပန်ရဲ့ တားမြစ်ထားတာတွေ ရုပ်သိမ်းမှာဖြစ်ပြီး တောင်ကိုရီးယားကလည်း ဂျပန်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) တိုင်ကြားချက်ကို ရုပ်သိမ်းမှာဖြစ်တယ်လို့ တောင်ကိုရီး ယား ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
နှစ်နိုင်ငံကြား ဆယ်စုနှစ်များစွာ တင်းမာမှုတွေ ပိုမိုနက်ရှိုင်းလာတဲ့အတွက် ဂျပန်က ၂၀၁၉ ခုနှစ်မှာ တားမြစ်ချက်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။
လက်တလော ကြေညာချက်ဟာ ဒေသတွင်း တင်းမာမှုတွေ ကြီးထွားလာတာနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် စည်းလုံးညီညွတ်တဲ့ အလားအလာကို တင်းပြလိုတဲ့ သမ္မတ ယွန်းနဲ့ ဂျပန်ဝန်ကြီးချုပ် မူမီယို ကီရှီဒါ တို့ရဲ့ ကြိုးစားမှု လက္ခဏာတစ်ရပ် ဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ ၁၉၁၀-၁၉၄၅ ခုနှစ် ကိုရီးယားကျွန်းဆွယ်ကို သိမ်း ပိုက်ခဲ့တာကြောင့် နှစ်ပေါင်းများစွာ ရန်လိုမုန်းတီးမှုတွေကို ချန်ထားနိုင်ဖို့ မျှော်လင့်နေကြပါ တယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်ကြား ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်တာဟာ ဒေသတွင်း လုံခြုံရေးနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်း ခြောက်မှုကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ဆိုနေကြပါတယ်။
လုံခြုံရေးပူးပေါင်းဆောင်ရွက်မှဒ မြှင့်တင်ဖို့ မျှော်လင့်ကြောင်းနဲ့ ၂၀၁၈ ခုနှစ်တည်းက ဆိုင်းငံ့ ထားတဲ့ နှစ်နိုင်ငံ လုံခြုံရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်တာကို အတည်ပြုဖို့ ခေါင်းဆောင် နှစ်ဦးက ပြင်ဆင်နေတယ်လို့ ဂျပန်သတင်းဌာန NHK မှာ ဖော်ပြထားပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား ဆက်ဆံရေး တိုးတက်ဖို့ ကြိုးပမ်းနေပေမယ့် သတိထားနေကြ ဆဲဖြစ်သလို လုပ်ငန်းစဉ်မှာလည်း အဆင့်ဆင့် ဖြစ်နေဆဲလို့ အမည်မဖော်လိုတဲ့ ဂျပန်အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။
သမ္မတယွန်းကလည်း နိုင်ငံအတွင်း သံသယတွေနဲ့ ရင်ဆိုင်နေရကာ Gallup Korea ရဲ့ စစ်တမ်း တစ်ခုမှာ ဖြေဆိုသူ (၆၄) ရာခိုင်နှုန်းဟာ ဂျပန်ရဲ့ သဘောထား မပြောင်းလဲရင် သူတို့နဲ့ ဆက်ဆံ ရေးမြှင့်တင်ဖို့ အလောတကြီး မလိုအပ်ဘူးလို့ ဆိုထားကြသလို (၈၅) ရာခိုင်နှုန်းကလည်း ဂျပန် အစိုးရဟာ ကိုလိုနီခေတ်သမိုင်းကြောင်း လုပ်ရပ်တွေအတွက် တောင်းပန်တာ မရှိဘူးလို့ ဖြေဆို ထားကြပါတယ်။
သဘောထားတင်မာမှုတွေ ရှိပေမယ့် စီးပွားရေးအရ ဆက်ဆံရေး ခိုင်မာနေပြီး ၂၀၂၁ ခုနှစ်မှာ နှစ်နိုင်ငံက စတုတ္ထအကြီးဆုံး ပို့ကုန်စျေးကွက်တွေ ဖြစ်ခဲ့တယ်လို့ IMF က ဆိုထားပြီး တောင်ကို ရီးယားကို ဂျပန်ပို့ကုန် စုစုပေါင်း ကန်ဒေါ်လာ (၅၂) ဘီလျံရှိပြီး တောင်ကိုရီးယား ပို့ကုန်ဟာ ကန် ဒေါ်လာ (၃၀) ဘီလျံရှိတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားရဲ့ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးက သမ္မတ ခရီးစဉ်ဟာ သူ့ရဲ့ သမိုင်းဝင်ခရီးစဉ်အဖြစ်ဘဲ ရပ်တန့်မနေသင့်ဘူးလို့ ဆိုခဲ့ပြီး ခရီးစဉ်အတွင်း ဂျပန်ဆီက စစ်မှန်တဲ့ တောင်းပန်မှုနဲ့ ဆုံးဖြတ်ချက်တွေ ရယူဖို့ တောင်းဆိုခဲ့ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပမှာလည်း တွေ့ဆုံဖူးတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ ထောက်လှမ်းရေး အချက်အလက်တွေ ဖလှယ်ဖို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က သဘောတူခဲ့ကြကာ နှစ်နိုင်ငံ အနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ခြေရာခံမှု ပိုမိုကောင်းမွန်လာမယ်လို့လည်း ကျွမ်း ကျင်သူတွေက သုံးသပ်ထားကြပါတယ်။
Ref: Reuters