လွိုင်ကော်၊ မတ်(၁၅)
ကယားပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဒီလအစောပိုင်းကစပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်ဆောင်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ(၁၂) ရက်နေ့ မနက်ပိုင်းမှာ ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်သွားပါတယ်။
အဲဒီစစ်ရှောင်စခန်းဟာ အိမ်ခြေ(၄၀) နီးပါးရှိပြီး အမျိုးသမီးနဲ့ ကလေးငယ်အများစု နေထိုင်ကြပြီး စစ်ရှောင်ပြည်သူတွေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ပစ္စည်းတွေနဲ့ရိက္ခာတွေ မီးထဲပါသွားတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဗညားကတော့ အခုနောက် ပိုင်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေမှာ စစ်ရှောင်တွေရှိတဲ့ နေရာတွေနဲ့ စစ်ဘေးရှောင်တွေ လက်ခံထားတဲ့နေ ရာတွေကို ဦးတည်တိုက်ခိုက်တာတွေ တွေ့လာရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် ဒီမော့ဆိုအရှေ့ခြမ်းကိုလည်း တစ်လက်မရရင် တစ်လက်မသိမ်းဆိုတဲ့ စစ်ကောင်စီရဲ့ အ ထက်အမိန့်ကြောင့် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူတွေ နေထိုင်ရာနေရာတွေကိုပါ မီးရှို့ဖျက် ဆီးတာတွေ ဆက်တိုက်ကျူးလွန်လာတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ လွိုင်ကော်၊ ဘော်လခဲ၊ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာတာ ကြောင့် စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။
လူဦးရေ(၃) သိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြည်သူ(၂) သိန်းကျော် စစ်ဘေး ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေ သူတွေထံ ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဖယ်ခုံPDF တပ်ရင်း ၂ပုံစာ – စစ်ကောင်စီကပစ်သတ်ခဲ့တဲ့ ၁၅နှစ်အရွယ် စစ်ရှောင်ကလေး