ပေါင်၊ မတ်(၁၄)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ စစ်ကောင်စီ ရင်းငြိမ်နယ်မြေရဲစခန်း ဒရုန်းနဲ့ တိုက် ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရင်းငြိမ်နယ်မြေရဲစခန်းကို ပြီးခဲတဲ့ မတ် ၁၁ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ အထူးစစ်ဆင်းရေးတပ်ဖွဲ့ (SOF) က ဒရုန်းနဲ့ ဗုံး ၂ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာ ဗုံးသီးတွေဟာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ မိသားစုဝင်အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး အဲဒီထဲက ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ မတ် ၁၂ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရင်းငြိမ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အရေးပေါ်လူနာတင်ယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အထူးစစ်ဆေးရေးတပ်ဖွဲ့(SOF) ကတော့ ဒီတိုက်ခိုက်မှုဟာ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ မြို့ပြစစ်ဆင်ရေး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရင်းငြိမ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တုန်းကလည်း စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်ခေါင်းဆောင်ဦးမြင့်ရီ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – SOF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.