ရန်ကုန် – မတ်(၁၅) 

စစ်ကောင်စီ ခြေမြန်တပ်မ(၉၉) က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ အသေးစိတ်အချက်အလက်တွေကို NUG က ထုတ်ပြတ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဧရိယာတစ်လျှောက် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လက်ရှိစုံစမ်းစစ်ဆေးမှုကို တိုးချဲ့ဖို့နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တောင်းဆို လိုက်ပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေအရ စစ်တပ်က အနည်းဆုံးလူ(၃၇) ဦးကို ညှဉ်းပန်းနှိပ်စက်တာနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပြီး မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီးမှာလည်း ဖေဖော်ဝါရီလ(၂၈) ကနေ မတ်လ(၂) ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ အိမ်ခြေ(၈၀) ခန့်ရှိတဲ့ တာဒိုင်ကျေးရွာမှာ ကျူးလွန်တဲ့ ရာဇဝတ်မှု အမျိုးအစား တွေကို မတ်လ(၆) ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျူးလွန်ခံရသူတွေက သက်သေထွက်ဆိုထားပါတယ်။ 

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ၂၀၁၀ နောက်ပိုင်းက အရှေ့အလယ်ပိုင်းမှာ အစ္စလာမ်မစ်နိုင်ငံတော်က ကျော်ကြားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုထက် ပိုမိုဆိုးရွားနေတယ်လို့ NUG ခေါင်းဆောင်တွေက ဆိုထားပါတယ်။ 

သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု၊ ပစ်မှတ် ထားတိုက်ခိုက်မှုတွေ၊အရပ်သားတွေကို သတ်ဖြတ်မှု၊လုယက်မှု၊ပြည်သူတွေရဲ့ အသက်မွေးဝမ်း ကျောင်းမှုနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာအပါအဝင် စစ်တပ်ကျူးလွန်ထားတဲ့ အကြမ်းဖက်မှု တွေကို စုဆောင်းနေတယ်လို့ NUG က ပြောပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အပေါ် လက်နက်၊ခဲယမ်းတွေ၊ ဘက်စုံသုံးနည်းပညာ၊ လေယာဉ်လောင်စာဆီနဲ့ စက်ပစ္စည်းတွေ ထုတ်လုပ် တာအတွက် တိုက်ရိုက်တင်သွင်းမှဒကို တားမြစ်တာ အပါအဝင် စစ်သုံးပစ္စည်း တွေကို လက်ရှိပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့ဆောင်ရွက်ဖို့အတွက် နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစ်ည်း တွေကို NUG က တောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တာဒိုင်ဖြစ်ရပ်ဟာ အဆိုးရွားဆုံးအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ဖော်ပြထားသလို ဒီလိုရာဇဝတ်မှုတွေဟာ ရက်စက်ကြမ်းကြုတ်မှု အဆင့်သစ်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

သေဆုံးသူတွေထဲမှာ PDF (၂၀) ဦးနဲ့ အရပ်သား(၁၇) ဦးပါဝင်ပြီး ဦးခေါင်းနောက်ဘက်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကာ ခေါင်းဖြတ်သတ်ဖြတ်မှုတွေကို ကျူးလွန်ထားတဲ့ စစ်တပ်နဲ့ အပေါင်း အပါ မီဒီယာတွေက သေဆုံးသူတွေကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲထားကြပါတယ်။ 

အရပ်သားတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊မုဒိမ်းကျင့်ခံခဲ့ရသူတွေလည်း ပါဝင်ပြီး၊ကလေးသူငယ်တွေနဲ့ မသန်စွမ်းသူတွေလည်း ပါဝင်တာဖြစ်ပါတယ်။ သတ်ဖြတ်မှု အားလုံးကို ဒေသခံတွေကြားမှာ “ဘီလူးစစ်ကြောင်း” လို့လူသိများတဲ့ တပ်မ-၉၉ က ကျူးလွန် ထားတယ်လို့ ဆိုကြပါတယ်။  

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် မီးရှို့ဖျက်ဆီးမှုကို လက်နက်အဖြစ် အသုံးပြုနေတယ်လို့ ပြင်းပြင်းထန်ထန် တောက်လျှောက် စွပ်စဲနေချိန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ 

“မြောက်မြားစွာသော အဖြစ်အပျက်တွေဟာ စစ်သားတွေက တစ်ရွာမှတစ်ရွာ ပြောင်းရွေ့ လုယက်ပြီး နေအိမ်တွေနဲ့ လယ်တွေကို မီးရှို့ကာ ရွာတွေကို ပျက်စီးခဲ့ပြီး တခြားရွာတွေကို အကြိမ်ပေါင်းများစွာ မီးရှို့ခံခဲ့ရတယ်လို့ ဂြိုလ်တုဓာတ်ပုံတွေက အတည်ပြုခဲ့ကြောင်း” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက (၅၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ 

ကုလသမဂ္ဂသတင်းရင်းမြစ်တွေအရ စစ်တပ်နဲ့ သူ့ရဲ့ မိတ်ဖက်အဖွဲ့တွေက ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ကျူးလွန်တဲ့ အရပ်သားသေဆုံးမှု(၂၉၀၀) ထက်မနည်းရှိခဲ့ပြီး အဲဒီထဲမှာ ကလေး(၂၄၄) ဦးပါဝင်ကာ အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

Ref: The Diplomat

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.