ဘာလီ – မတ်(၁၅) 

ခရီးသွားပြည်သူတွေအကြိုက်တွေ့တဲ့ ဘာလီကျွန်းမှာ မော်တော်ဆိုင်ကယ်စီးသူတွေ ရမ်းကားစွာ မောင်းနှင်ကြတဲ့အတွက် ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေဖြစ်နေတာကြောင့် ယာဉ်မတော် တဆမှုတွေဖြစ်ပေါ်နေလို့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ဆိုင်ကယ်စီးခွင့်ပိတ်ပင်လိုက်ပါ တယ်။ 

ဒီတားမြစ်ချက်နဲ့ပတ်သက်ပြီး ဘယ်လို လိုက်နာရမယ်ဆိုတာ တိတိကျကျရှင်းလင်းထားတာ တော့ မရှိသေးပါဘူး။ 

“သူတို့တွေက စနစ်တကျမရှိတဲ့အပြင် မလျော်မကန်ပြုမူကြတာပါ” လို့ အုပ်ချုပ်ရေး အရာရှိ ဝါယန် ကိုစတာက ဆိုထားပြီး နိုင်ငံခြားခရီးသွားဧည့်သည်တွေဟာ “အရည်အသွေးရှိပြီး ဂုဏ် သိက္ခာရှိတဲ့ ခရီးသွားလုပ်ငန်း” ဖြစ်စေဖို့အတွက် တိကျတဲ့ စံနှုန်းတွေ ပြည့်မီသော ခရီးသွား ဝန်ဆောင်မှုတွေက ပြင်ဆင်ပေးထားတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေကိုသာ အခုချိန် ကစပြီး အသုံးပြုရတော့မှာဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ 

မော်တော်ဆိုင်ကယ်စီးတာ၊တရားမဝင်အလုပ်လုပ်တာတွေနဲ့ နေထိုင်ခွင့်ကို တလွဲအသုံးပြုတာလို အမှားကျူးလွန်တာတွေ လုပ်ဆောင်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို ဗီဇာ ရုတ်သိမ်း ဖို့အတွက် တရားရေးဝန်ကြီးဌာနကို အုပ်ချုပ်ရေးအရာရှိ မစ္စတာ ကိုစတာက အကူအညီတောင်ခံ ခဲ့ပါသေးတယ်။ 

မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ မော်တော်ဆိုင်ကယ် မတော်တဆဖြစ်မှုတွေဟာ အားလပ်ရက်ခရီးသွား နေရာတွေကို ရုပ်ပျက်စေခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလက ယာဉ်တိုက်မှုတစ်ခုမှာ ယူကရိန်းနဲ့ ရုရှား ခရီးသွားတွေ သေဆုံးခဲ့ကြသလို ဖေဖော်ဝါရီလမှာလည်း ရုရှားခရီးသွားဧည့်သည်တစ်ဦး အရက်သောက်ပြီး မော်တော်ယာဉ် မောင်းနှင်ချိန် ဒေသခံတစ်ဦးကို ဝင်တိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တိုက်ခံရသူဟာ ဆေးရုံတက်ရောက်ကုသခဲ့ရတယ်လို့ သိရပါတယ်။ 

ခရီးသွားဧည့်သည်တွေဟာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့အတွက်ကြောင့်လည်း ရုရှားနဲ့ ယူကရိန်း နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာမူဝါဒကို ရုတ်သိမ်းပေးဖို့ ဗဟိုလူဝင်မှုကြီးကြပ် ရေးအေဂျင်စီ ကိုလည်း ဘာလီအာဏာပိုင်တွေက တောင်းခံထားကြပါတယ်။ 

အာဏာပိုင်တွေရဲ့ အချက်အလက်တွေအရ ရုရှားနိုင်ငံသားတွေဟာ အင်ဒိုနီးရှားကို အများဆုံး လည်ပတ်ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

အနည်းဆုံး ရုရှားနိုင်ငံသား (၄) ဦးကို မတ်လမှာ ဗီဇာချိုးဖောက်မှုနဲ့ ပြည်နှင်ဒဏ်ပို့ခဲ့ပြီး ဘာလီ မှာရောက်နေတဲ့ နိုင်ငံခြားသားတွေဟာ ခရီးသွား ဗီဇာတွေနဲ့ အလုပ်လုပ်ကိုင်တာတွေ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဘာလီအုပ်ချုပ်ရေးမှူး မစ္စတာ ကိုစတာက အထူးသဖြင့် ရုရှားနဲ့ ယူကရိန်းနိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာရပိုင်ခွင့် ရုတ်သိမ်းပြီး ဗီဇာလိုအပ်ချက်ပိုမိုကန့်သတ်ဖို့ ဥပဒေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဝန်ကြီးဌာနကို မေးမြနးတာတွေလုပ်ခဲ့ပါသေးတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.