မော်လမြိုင်၊ မတ်(၁၂)
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ် ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားသေဆုံးမှု ၅၀ အထိရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မတ် ၁၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း ပထမဆုံးသတ်ဖြတ်ခံရသူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ (၂၈) ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ် ပစ်ခတ်ခံရတဲ့ မော်လမြိုင်ဒေသခံ အသက်(၂၀) အရွယ် ကိုဇင်လင်းထက်ဖြစ်ပြီး နောက်ဆုံးသတ်ဖြတ်ခံရသူဟာ သထုံမြို့နယ်နေ အသက်(၇) နှစ်အရွယ် က လေးငယ် မဝင်းဝင်းရီဖြစ်ကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
AAPP အဆိုအရ ပြည်နယ်အတွင်း သေဆုံးသွားတဲ့ အပြစ်မဲ့အရပ်သားတွေဟာ စစ်အာဏာရှင် ဆန့် ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်စဉ် သေနတ်နဲ့ပစ်ခတ်ခံရတာ၊ ဖမ်းဆီပြီးနောက် စစ်ကြောရေးမှာ သေဆုံးတာ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ်တာ၊ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါ တယ်။
စစ်ကောင်စီတပ်ကြောင့် အရပ်သားသေဆုံးဟာ စစ်ကိုင်းတိုင်းက ၁၃၀၀ နီးပါးနဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့က အစဉ်လိုက်ရပ် တည်နေပါတယ်။
နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ (၇၆၈) ရက်အတွင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၃၁၂၀) ဦးအထိရှိလာပြီဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူလည်း (၂၀၂၉၇) ဦးရှိလာပြီဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သားအသတ်ခံရမှုဟာ မြေပြင်နဲ့အနီးစပ်ဆုံး ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး ဒီထပ်လည်း ပိုလာနိုင် တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AAPP