တီဟီရန် – မတ်(၁၂) 

ပင်လယ်ကွေ့အရေးရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေနဲ့ ပတ် သက်ပြီးအီရန်နဲ့ ဆော်ဒီအာရေးဗျာ တို့ရဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့နဲ့အရှေ့အလယ် 

ပိုင်းဒေမှာဖြစ်နေတဲ့ လောင်စာဆီ ပဋိပက္ခတွေကိုကူညီဖြေရှင်းပေးကြဖို့သဘောတူခဲ့ကြပါတယ်။

အရှေ့အလယ်ပိုင်း အင်အားကြီး (၂) နိုင်ငံနဲ့ လုံခြုံရေးအရာရှိတွေကြား တံခါးပိတ်ဆွေးနွေးပွဲကို မကြာခင်က (၄) ရက်ကြာ ကျင်းပပြီးနောက် တရုတ်အစိုးရ အကျိုးဆောင်ပေးမယ့် အပေးအယူ ကိစ္စကို ကြေငြာခဲ့တာပါ။ 

အီရန်၊ ဆော်ဒီအာရေးဗျနဲ့ တရုတ်တို့ရဲ့ ထုတ်ပြန်ချက်မှာ သံတမန်ဆက်ဆံရေးတွေကို ပုံမှန် အတိုင်း ပြန်လည်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပြီး (၂)လအတွင်း သံရုံးတွေ ပြန်လည်ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။  

“ထိုသဘောတူညီချက်များအထဲတွင်  နိုင်ငံများဩ အချုပ်အခြာအာဏာကို လေးစားလိုက်နာ စေရေးနဲ့ ပြည်တွင်းရေးကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်မှုမရှိစေရေးကို ကတိသစ္စာပြုခဲ့ကြ ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရှီးယိုက် မွတ်ဆလင်ဘာသာရေးဆရာတစ်ဦးကို အီရန်က ကွပ်မျက်ခဲ့ပြီးနောက်ပိုင်း (၂) နိုင်ငံ ကြား သဘောထားတင်မာမှုတွေစတင်ခဲ့ပြီး ဆော်ဒီနိုင်ငံမှာဖွင့်လှစ်ထားတဲ့ အီရန်သံရုံကို ၂၀၀၆ ခုနှစ်ကဝင်စီးပြီးနောက်မှာတော့ သံခင်းတမန်ခင်း ကိစ္စရပ်တွေအဆုံးသတ်သွားတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ လောင်စာထုတ်လုပ်ရေး အဆောက်အအုံ ပရဝဏ်တွေကို အီရန်ဘက်က ပဲ့ထိန်းဒုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ပင်လယ်ကွေ့ ရေနံနယ်မြေအတွင်းက ဆီသို လှောင် သင်္ဘောတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆော်ဒီဘုရင့်နိုင်ငံက စွပ်စွဲထားပေမယ့် အီရန် ကတော့ ငြင်းဆိုထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ(၁၀) ရက်နေ့ သဘောတူစာချုပ်မှာတော့ အီရန်ထိပ်တန်းလုံခြုံရေးအရာရှိတွေ၊ ဆော်ဒီအာရေးဗျ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိတွေ လက်မှတ်ထိုးခဲ့ကြပြီး ၂၀၀၁ လုံခြုံ ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အပြင် ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံမှုစာချုပ်တွေကိုလည်း ပြန်လည် အသက်သွင်းသွားဖို့ ရှိနေပါတယ်။ 

တရုတ်သံအမတ် ဝမ်ရီက ဒီအပေးအယူဟာဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု တစ်ခုဖြစ်တယ်လို့ ဆိုထားပြီး ဘေဂျင်းဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းချိန်မှာ အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောခွင့်ရ ဂျွန်ခါဘီကတော့ ဆော်ဒီဟာ တရုတ်မှာ ကျင်းပခဲ့ တဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန်ကို သတင်းအချက်အလက်မျှဝေထားပေမယ့် ဝါရှင်တန် အနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှု လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

အမေရိကန်အစိုးရအနေနဲ့ ရယ်မန် စစ်ပွဲကို အဆုံးသတ်ဖို့ အချက်ပေးတဲ့ ဒီအခြေအနေကို ထောက်ခံတယ်လို့လည်း သူက ပြောပါသေးတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.