ကော့ကရိတ် – မတ်(၁၀)

ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ကော့ရိတ်မြို့ နဘူးတံခွန်တိုင်ဒေသမှာ ဒီနေ့ မတ်လ(၁၀) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွတ်ရေး ကော်မတီတွေ့ဆုံပွဲကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျာ်နီနဲ့ တာဝန်ရှိသူတွေ၊ KNU/KNLA PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေး၊ DKBA စစ်ဗျူဟာမှူးဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ BGF ဘက်က အမှတ်(၂) တပ်နယ်မှူး ဗိုလ်မှူးစောကြာအင်းနဲ့ ဗိုလ်မှူးကြီး စောချစ်သူတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – KNU/KNLA-PC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.