နီပေါ၊ မတ်(၁၁)

နီပေါနိုင်ငံမှာ  Shree လေကြောင်းလိုင်းရဲ့ Dash 8 turboprop (တာဘိုပရော့) အမျိုးအစား လေယာဉ် တစ်စင်းဟာ ပျံသန်းနေစဉ် အင်ဂျင်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ဟာ အရေးပေါ်ဆင်းသက်ခဲ့ရပေမယ့် အားလုံးဘေးကင်းစွာနဲ့ ဆင်းသက်နိုင်ခဲ့ပြီး  ဇန်နဝါရီ လက ATR 72 ပျက်ကျပြီးနောက် လေကြောင်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးချက်ကို နိုင်ငံတဝန်းလုံးမှာ တိုးမြှင့်ထားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Shree လေကြောင်းလိုင်းမှ လေယာဉ်ဟာ နီပေါနိုင်ငံ အနောက်တောင်ပိုင်းရှိ ခတ္တမန္ဒူမြို့မှ ဘဟိုင်ရာဝါ သို့ လေယာဉ်အမှုထမ်းတွေအပါအဝင် လူ ၇၈ ဦး လိုက်ပါလာခဲ့တာပါ။

“လေယာဉ်မှူးက ညာဘက်အင်ဂျင်မှာ မီးလောင်တဲ့ သတိပေးချက်ကို သတင်းပို့ခဲ့ပြီး လေယာဉ်ကို ခတ္တမန္ဒူကို ချက်ချင်း လမ်းကြောင်းပြောင်းခဲ့ပါတယ်” လို့ Shree လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ က Reuters သတင်းဌာနကို  ပြောကြားခဲ့ပါတယ်။

နီပေါမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAN) မှ ပြောရေးဆိုခွင့်ရှိသူကတော့ လေယာဉ်ဟာ ခတ္တမန္ဒူမှာဘဲ ဘေးကင်းစွာ ဆင်းသက်ခဲ့ပြီး ခရီးသည်တွေနဲ့  လေယာဉ်အမှုထမ်းများအားလုံး ဘေးကင်းကြောင်း ပြောကြားခဲ့ ပါတယ်။

“လေယာဉ်က မြေပြင်ကို ဆင်းသက်ချိန်မှာတော့ မီးလောင်တဲ့ အနေအထားတွေ မတွေ့ခဲ့ရပါဘူး” လို့လည်း ပြောခဲ့ပါသေးတယ်။

ဧဝရတ်တောင် အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ၁၅ ခုအနက် ၈ ခု အပါအဝင်ဖြစ်တဲ့ နီပေါတောင် တန်းဟာ မကြာခဏလေပျက်ကျမှုမှတ်တမ်းရှိပြီး ဖြစ်စဉ်အများအပြားဟာ ခက်ခဲတဲ့ မြေပြင်အနေအထားနဲ့ ရာသီဥတုအခြေအနေ ရုတ်တရက်ပြောင်းလဲခြင်းကြောင့် ဖြစ်ပွားရတာ ဖြစ်ပါတယ်။

ဇန်နဝါရီလမှာ လူ ၇၂ ဦးလိုက်ပါလာသည့် Yeti လေကြောင်းလိုင်းပိုင် ATR 72 လေယာဉ်ဟာ ခတ္တမန္ဒူမြို့ အနောက်ဘက် ၁၂၅ ကီလိုမီတာအကွာရှိ ခရီးသွားမြို့ ပိုခါရာမှာ ဆင်းသက်စဉ်ပျက်ကျခဲ့တာဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း လူပေါင်း၇၁ဦးသေဆုံးခဲ့ကာ လူတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူဟာလည်း သေဆုံးခဲ့ပြီလို့ ယူဆထားခဲ့ပါတယ်။

Ref;CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.