မော်လမြိုင်၊ မတ် ၈

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်း ချဲလ်ဆီးအသင်းနဲ့ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းတို့ဟာ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းတွေကို အသီးသီး အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဂျာမန်ကလပ်အသင်း ဒေါ့မွန်အသင်းကို ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့တာပါ။

ချဲလ်ဆီးအသင်းရဲ့ ဒီနိုင်ပွဲကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းစားနေတဲ့ နည်းပြ ဂရေဟမ်ပေါ်တာအတွက် ဖိအားတွေအောက်ကနေ အနည်းငယ် လွတ်မြောက်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းကတော့ ပြိုင်ဘက်က ကလပ်ဘရုဂေးအသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ ထပ်မံအနိုင်ယူခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၇ ဂိုး ၁ ဂိုး ရလဒ်နဲ့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားတာပါ။

ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် တလျှောက် အကောင်ဆုံးကစားသမားဆုကို ချဲလ်ဆီး နောက်ခံလူ ကူကူရယ်လာနဲ့ ဘင်ဖီကာ ကွင်းလယ်လူ ရာဖာဆေးလ်ဗားတို့ ဆွတ်းခူရရှိခဲ့ပါတယ်။

နောက်ထပ် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေအဖြစ် မတ် ၉ ရက်နေ့ မနက်ပိုင်းမှာ ဘိုင်ယန်မြူးနစ်နဲ့ PSG ၊ စပါးနဲ့ အေစီမီလန်အသင်းတို့ ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.