ခင်ဦး – မတ်(၈)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ(၃) ရွာမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပညာပေး အကြိုဟောပြောပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့က အမျိုးသားညီညွတ်ရေးအစ အကြိုသက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးရဲ့ ယန္တရားတွေသိသာထင်ရှားစွာ တရားဝင် လည်ပတ်နေမှု(အသက်ဝင်နေမှု) သိရှိ ကြစေဖို့နဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ တန်းတူညီမျှစွာရရှိစေရေး ကျယ်ကျယ် ပြန့်ပြန့်သိရှိကြစေဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့ကြတာပါ။

ဟောပြောပွဲမှာ လူတိုင်းရသင့်ရထိုက်တဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေပါဝင်ပြီး အမျိုးသမီးရေးရာ ရသင့် ရထိုက်တဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးပိုင်းဆိုင်ရာတွေကို အကျယ်တဝင့် ရှင်းလင်းပြောဆို ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

ညီမျှခွင့်တူ ဖမ်းဆုတ်ယူ Embrace Equiti နဲ့ ဟောပြောပွဲကို မြို့နယ် ပ.အ.ဖ ခေါင်းဆောင်၊ ပ.က.ဖ တာဝန်ခံ တို့နဲ့အတူ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

နှစ်စဉ် မတ်လ(၈) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ကာ ကမ္ဘာ တစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာ ဖော်ထုတ်ဖို့ အခမ်းအနားတွေ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် နှစ်စဉ်ဆောင်ပုဒ်တစ်ခု သတ်မှတ်ထုတ်ပြန်ကာ အမျိုးသမီးကဏ္ဍကို မြှင့်တင်ဖို့ အသိပေးလေ့ရှိပြီး ဒီနှစ်အတွက် ဆောင်ပုဒ်ဟာ “လူသားအားလုံး တိုးတက်ဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့ပုံဖော်ကြပါစို့” အဖြစ်သတ်မှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.