ဝါရှင်တန် – မတ်(၉) 

တက်ကြလှုပ်ရှားသူတွေဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုချီတက်ဆန္ဒပြ ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး နိုင်ငံအများအပြားက အစိုးရတွေကလည်း ကမ္ဘာ့လူဦးရေထက်ဝက် အတွက် တိုးတက်အောင် ကူညီလုပ်ဆောင်ပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။ 

ကနေဒါနိုင်ငံက သမိုင်းဝင် မတရားမှုနဲ့ ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ဥပဒေတွေကို ရုပ်သိမ်းခဲ့ ပြီး ဂျပန်မှာ ကျားမရေးရာ သဘောထားတွေကို ပြောင်းလဲအောင်လုပ်ဆောင်ကြဖို့ လိုအပ်တယ် လို့ ဆိုကာ အိုင်ယာလန်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အမျိုးသမီးတွေကို ခေတ်မမီတဲ့ ညွှန်းဆိုချက် တွေဖယ်ရှားဖို့အတွက် နိုင်ဝင်ဘာလမှာ လူထုဆန္ဒခံယူပွဲ ပြုလုပ်မယ်လို့ ကြေညာခဲ့တာဖြစ်ပါ တယ်။ 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ (၂၀) ရာစုအစောပိုင်းက အမေရိကန် ဆိုရှယ်လစ်နဲ့ အလုပ်သမား လှုပ်ရှားမှုတွေမှာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေ၊ ဆန္ဒမဲပေးပိုင်ခွင့်အ အတွက် အမျိုးသမီးအများအပြား တိုက်ပွဲချိန်က စတင်ခဲ့တာပါ။ 

ရာစုနှစ်တစ်ခုကျော်ကြာပြီးနောက် အမျိုးသမီးတွေဟာ သူတို့ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုကြ ပြီး အခွင့်အရေးတွေ တိုးတက်ကောင်းမွန်လာစေဖို့ မပြီးဆုံးသေးတဲ့ ကြိုးပမ်းမှုတွေကို အာရုံ စိုက်လာကြတာဖြစ်တယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ မိုးသည်ထန်စွာ ရွာသွန်းပြီး အမျိုးသမီး (၅၀) လောက် စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကာ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ယူရီအင်ဒရီယာနီက “ကျွန်မတို့က အမျိုးသမီးတွေဖြစ်ပြီး ကျွန်မတို့ရဲ့ ရပိုင်ခွင့်တော်တော်များများကို ဒီကနေ့အချိန်ထိ အစိုးရနဲ့ တိုင်းပြည်က ဖြည့်ဆည်းမပေးသေးပါဘူး” လို့ ပြောခဲ့ပါတယ်။ 

အီတလီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်က နိုင်ငံပိုင် ကုမ္ပဏီတွေမှာ အနည်းဆုံး အမျိုးသမီး ခေါင်းဆောင်တစ်ဦးရှိသင့်တယ်လို့ ဆိုပြီး စီးပွားရေးလောကမှာလဲ အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍကို အာရုံစိုက်နေပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်က ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ နိုင်ငံပေါင်း (၁၄၆) နိုင်ငံထဲမှာ ကျားမတန်းတူရေးဆိုင်ရာ အဆင့် (၁၁၆) သတ်မှတ်ခံထားရတဲ့ ဂျပန်နိုင်ငံမှာ အစိုးရအဖွဲ့အတွင်းဝန် ဟီရိုကာဇူ မတ်ဆူနိုက အမျိုးသမီးတွေအတွက် လုပ်ငန်းခွင်အခြေအနေ ပိုမိုကောင်းမွန်လာစေဖို့ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် ပိုမိုလုပ်ဆောင်ရဦးမယ်လို့ သတင်းစာရှင်း လင်းပွဲမှာ ပြောခဲ့ပါတယ်။ 

“အိမ်ထောင်စုတာဝန်နဲ့ လုပ်ငန်းခွင်တာဝန်တွေကို ဟန်ချက်ညီအောင် ကြိုးစားနေရတဲ့ အမျိုး သမီးတွေအတွက် အခြေအနေဟာ ကျွန်တော်တို့နိုင်ငံမှာ အတော်လေး ခက်ခဲနေပြီး ပြဿနာ တစ်ခုအဖြစ် ရှုမြင်ထားပြီး ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်မှုတွေမှာ တစ်ဝက်တစ်ပျက်ပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။ 

နိုင်ငံတကာ အမျိုးသမီးများနေ့ကို အစည်ကားဆုံး အစိုးရရုံးပိတ်ရက်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ပြုလုပ်တဲ့ ရုရှားနိုင်ငံ အထက်လွှတ်တော် အကြီးအကဲက အနောက်တိုင်းက မြှင့်တင် ထားတဲ့ လစ်ဘရယ်စံနှုန်းတွေနဲ့ လိင်ပိုင်းဆိုင်ရာမှာ လူနည်းစုတွေကို အပြင်းအထန် တိုက်ခိုက်ဖို့ ဒီအခွင့်အရေးကို အသုံးပြုခဲ့ဆိုပါတယ်။ 

“အမျိုးသားတွေနဲ့ အမျိုးသမီးများဟာ လူ့အဖွဲ့အစည်းတွေရဲ့ ဇီဝဗေဒ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာများတွင် အဓိကကျောရိုးများဖြစ်တယ်” လို့ ရုရှားနိုင်ငံရဲ့ ဩဇာအရှိဆုံး အမျိုးသမီး ဗလန်တီနာ မတ်ဗီရန်ကိုက ဖက်ဒရေးရှင်းကောင်စီရဲ့ ဝဘ်ဆိုက် ဘလော့ဂ်တစ်ခုမှာ ရေးထားပါ တယ်။ 

“ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အန္တရာယ်ရှိတဲ့ ကျားမကစားနည်းတွေ ဘယ်တော့မှ ဖြစ်မလာပါဘူး။ ဒီအန္တရာယ်ရှိတဲ့ သူတို့ရဲ့စမ်းသပ်မှုကို သူ့ဘာသာသူ လုပ်ဆောင်ဖို့ အနောက်နိုင်ငံကို ထားခဲ့ကြပါစို့” လို့ ဆိုထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.