တိုင်ပေ – မတ်(၇) 

ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်ရေးကို တရုတ်ဝန်ကြီးချုပ် Li Keqiang က ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုတွေနဲ့  ကတိပြုခဲ့ပြီး တိုင်ပေ က ဒီမိုကရေစီနဲ့ လွတ်လပ်ရေးဆိုင်ရာ ကတိကဝတ်တွေကို လေးစားသင့်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ 

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ဆိုထားတဲ့ တရုတ်နိုင်ငံဟာ လွတ်ခဲ့တဲ့ (၃) နှစ်အတွင်း ကျွန်းနဲ့ အနီးဆုံးနေရာတွေမှာ စစ်ရေး လှုပ်ရှားမှုတွေကို အရှိန်တိုးမြှင့်ခဲ့ပြီး ထိုင်ဝမ်ရဲ့ အဓိက နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက်ထောက်ပံ့သူ အမေရိကန်တို့ကို တုံ့ပြန်ခဲ့တာပါ။ 

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို လာရောက်လည်ပတ်ချိန်ကလည်း တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ 

တရုတ်ပါလီမန်နှစ်ပတ်လည် အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ဝန်ကြီးချုပ် လီက ထိုင်ဝမ်ဟာ တရုတ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောခဲ့ပေမယ့် စစ်ရေးအရ ခြိမ်းခြောက်မှု မပြုလုပ် မယ့် ဘေဂျင်းဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒရဲ့ ရပ်တည်နေတယ်လို့ ဆိုထားပါတယ်။ 

ထိုင်ဝမ်ရဲ့ မေးခွန်းကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ပါတီရဲ့ မူဝါဒကို အကောင်အထည်ဖော်သင့်ပြီး ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ဖို့နဲ့ ပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ဖို့ ပြတ်သားတဲ့ ခြေ လှမ်းတွေ လုပ်ဆောင်သင့်တယ်လို့ အစည်းအဝေးမှာ ကိုယ်စားလှယ် (၃၀၀၀) လောက်ကို ပြော ခဲ့ပါတယ်။ 

“ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေးအား ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပြီး တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်သင့်တယ်” လို့ သူက ဆိုခဲ့တာပါ။ 

ထိုင်ဝမ်ပြည်သူတွေကတော့ ကျွန်းနိုင်ငံကို ကာကွယ်ဖို့အတွက် အင်အားအသုံးပြုမှာဖြစ်ပြီး သက်ဦးဆံပိုင် တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်နေကြပါတယ်။ 

ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သီးခြားမှတ်ချက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် လီက ထိုင်ဝမ် ကို ထည့်သွင်းဖော်ပြထားတာမရှိပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ပွဲအတွက် ကြိုတင်ပြင် ဆင်မှုတွေ တိုးမြှင့်သင့်တယ်လို့ ပြောပါတယ်။ 

ထိုင်ဝမ်ရဲ့ တရုတ်မူဝါဒချမှတ်ရေးကောင်စီက တရုတ်ရဲ့ ထိုင်ဝမ်မူဝါဒကို ဝန်ကြီးချုပ်လီ ထပ်မံ အတည်ပြုခြင်းလို့ ခေါ်တဲ့ အဆိုကို တုံ့ပြန်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်လုံးဟာ အပြန် အလှန် လက်အောက်ခံတွေမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို စွဲကိုင်ထားတဲ့ အဓိက အယူအဆတွေအပေါ် တရုတ်က လေးစားသင့်တယ်လို့ ထိုင်ဝမ်ရဲ့ တရားဝင်အမည်ကို အသုံးပြုပြီး ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် တရုတ်အနေနဲ့ ရေလက်ကြားဖြတ်ကျော် ကိစ္စရပ်တွေကို လက်တွေ့ကျကျ ဆင်ခြင်တုံ တရား၊တန်းတူညီမျှ၊အပြန်အလှန်လေးစားမှုတွေနဲ့ လက်တွေ့ ကိုင်တွယ်ဖြေရှင်းသင့်ပြီး အား ကောင်းတဲ့ အပြန်အလှန်ဆက်ဆံရေးအတွက် အခြေအနေတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ 

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကို ခွဲထွက်ရေးသမားလို့ ဘေဂျင်းက ယူဆထားတာကြောင့် တရုတ်နဲ့ အကြိမ်ကြိမ်ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆိုခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ 

တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန်ငြင်းဆန်ခဲ့ပြီး ကျွန်းရဲ့ (၂၃) သန်းသော ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ခွင့်ရှိတယ်လို့ ဆိုထား ပါတယ်။ 

ထိုင်ဝမ်မှာ လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ သမ္မတနဲ့ ပါလီမန်ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ပြီး တရုတ်နဲ့ တင်းမာမှုတွေကြောင့် မဲဆွယ်စည်းရုံးရေးအတွက် အကန့်အသတ်ရှိနေတယ်လို့ ဆိုနေကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.