March 5, 2023

ပျောက်ကွယ်သွားမယ့်အရေးနဲ့ ကြုံနေရတဲ့ မွန်ပြည်နယ်ဇာတ်သဘင်လောက

မော်လမြိုင်၊ မတ်(၅) မွန်ပြည်နယ်အတွင်းရှိ ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ဆက် လက် ရပ်တည်ဖို့ ပိုမိုခက်ခဲလာတာကြောင့် ပျောက်ကွယ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဇာတ် သဘင်လောကသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက စ တင်ရပ်နားခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်း တကျော့ပြန် စစ်တပ်အာဏာသိမ်းနဲ့အတူ စစ်ကောင်စီရဲ့ ညမထွက်ရအ…

ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လက်စဖျောက်ခံနေရ

မော်လမြိုင် ၊ မတ် (၅) မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေး တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ လက်စဖျောက်ခံနေရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆေးကုသခွင့်အပါအဝင် အကျဉ်းသားအခွင့်အရေး အပြည့်အဝပေးဖို့ တောင်းဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညပိုင်းအချိန်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ခေါ်ဆောင်တာတွေ ရှိနေတာပါ။ စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ…

အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကိုလည်းမီးရှို့သွား

လောင်းလုံး၊ မတ်(၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်က ရွာသား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မတ် ၄ ရက်နေ့ မနက် ၉ နာရီလောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်နီ မော်ကျေးရွာကနေ…

KNU တပ်မဟာ(၂) နယ်မြေထဲက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့နေ

သံတောင်၊ မတ်(၅) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေဖြစ်တဲ့ သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သို မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မတ် ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ် သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သို မြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက်…