မော်လမြိုင်၊ မတ် (၂)

အင်္ဂလန်ပြည်တွင်းလိဂ်ဖလား တစ်ခုဖြစ်တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲအပြီးမှာတော့ မန်စီးတီးနဲ့ဘန်လေ၊ မန်ယူနဲ့ဖူလ်ဟမ်တို့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ FA ဖလားရဲ့ ပဉ္စမအဆင့်ကို ဒီနေ့ မနက်ပိုင်း ကစားခဲ့တာ ဖြစ်ပြီး မန်ယူအသင်းကတော့ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကွားတာဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်စီးတီးကတော့ ဘရစ္စတိုအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ မန်ယူအသင်းရော မန်စီးတီးအသင်းပါ ပွဲချောင်နေတာ ဖြစ်ပါတယ်။

အခြားကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ ဘရိုက်တန်နဲ့ဂရင်းစဘီ၊ ရှက်ဖီးယူနိုက်တက်နဲ့ဘလက်ဘန်းအသင်းတို့ တွေ့ဆုံနေပါတယ်။

FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ် မဲခွဲမှုအရ မန်ယူနဲ့မန်စီးတီးအသင်းတို့ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။FA ဖလားရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် မတ်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တို့မှာ ယှဉ်ပြိုင်သွားဖို့ ရှိနေတာပါ။

၂၀၂၂ ခုနှစ်ရဲ့ FA ဖလားကိုတော့ လီဗာပူးလ်အသင်းက ဆွတ်ခူးရရှိထားပါတယ်။သတင်း – သံလွင်တိုင်းမ်သံလွင်တိုင်းမ်က ထုတ်လုပ်နေတဲ့သတင်းတွေကို Application မှာလည်း အချိန်နဲ့တပြေးညီ ရယူဖတ်ရှုနိုင်ပါတယ်။

IOS Version – https://apps.apple.com/us/app/tlt-news/id1642061603

Android Version – https://play.google.com/store/apps/details

Website Link

https://burmese.thanlwintimes.com/https://mon.thanlwintimes.com/

Facebook Link

https://m.facebook.com/thanlwintimes9https://www.facebook.com/tltmonedition/https://www.facebook.com/tltenglishedition

Instagram Link

https://www.instagram.com/thanlwintimes/

Twitter Linkhttps://twitter.com/ThanLwinTimes

Telegram Link

https://t.me/thanlwintimes

Youtube Link

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.