ကွာလာလမ်ပူ – မတ်(၄) 

မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဖိလစ်ပိုင်နိုင်ငံခရီးစဉ်မှာ အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်ဖြေရှင်းရာမှာ ထိရောက်ကြောင်း သက်သေပြရမယ်လို့ ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ဦးဆောင်နေတဲ့ အာဆီယံအနေနဲ့ ပိုမိုခိုင် မာအားကောင်းဖို့ လိုအပ်ပြီး မလေးရှားမှာ  မြန်မာနိုင်ငံက ရွေ့ပြောင်းဒုက္ခသည် (၂၀၀၀၀၀) ကိုလည်း တာဝန် ယူထားတယ်လို့ ဖိလစ်ပိုင် သတင်းချန်နယ် ANC နဲ့ အင်တာဗျူးမှာ မလေးရှား ဝန်ကြီးချုပ်က ဆိုခဲ့တာပါ။ 

“ဒါကို ပြည်တွင်းရေးကိစ္စသက်သက်လို့ မမြင်ပါဘူး၊ ဒါကြောင့် အာဆီယံမှာရှိတဲ့ မိတ်ဆွေတွေကို တင်းတင်းကျပ်ကျပ် လုပ်သင့်တယ်လို့ ပြောဖို့ ကျွန်တော် ပန်ကြားလိုက်ပါတယ်၊ တခါတရံ စစ်အာဏာရှင်တွေက အရပ်သားဇာတ်ကြောင်းကို နားမလည်တဲ့အတွက် ဒီနိုင်ငံရဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ရင် လုပ်ဆောင်ရမယ်” လို့ မလေးဝန်ကြီးချုပ်အန်ဝါက ပြောခဲ့ပါတယ်။ 

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်က ရွေးကောက်ခံအစိုးရကို လက်နက်ကိုင်စစ်တပ်က ဖြုတ်ချပြီး နောက်ပိုင်း လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးမငြိမ်မသက်မှုတွေ ပြည့်နှက်နေတာဖြစ်ပါတယ်။ 

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂတို့ကလည်း မြန်မာစစ်တပ်ဟာ တော်လှန်ရေးအင်အားစု တွေကို နှိမ်နင်းချိန်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်နေသလို စစ်ရာဇဝတ်မှုတွေ ကျူး လွန်နေတယ်လို့ ပြောဆိုထားပြီး ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကာ စစ်ကောင်စီကတော့ အတိုက်အခံ တွေကို အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ထားပြီး ပြည်သူတွေကို သူတို့ကိုယ်တိုင် အကြမ်းဖက် မှုတွေ ကျူးလွန်ကာ တိုင်းပြည်ဖျက်ဆီးဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

“ရက်စက်ယုတ်မာမှုတွေကို ကျွန်တော်တို့ ခွင့်လွှတ်လို့ မရပါဘူး၊ ခက်ခဲနေတဲ့ အခင်အမင် မပျက်တဲ့အဖြေကို ရှာရမယ်၊ အားလုံး ကြိုးစားခဲ့ကြပြီးပြီ၊ အာဆီယံက သက်ဆိုင်ရာကနေ သက်သေပြပြီး ပြဿနာတချို့ ဖြေလျှော့နိုင်ရမယ်” လို့ အန်ဝါက ပြောခဲ့ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ အာဆီယံချမှတ်ထားတဲ့  ငြိမ်းချမ်းရေးဘုံသဘောတူညီချက် တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံအဖွဲ့ဝင်တွေကြား စိတ်ပျက်မှုတွေရှိနေတယ် လို့ သိရပါတယ်။ 

အဖွဲ့ဝင်(၁၀) နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို အဆင့်မြင့် အစည်းအဝေး တက်ရောက်ခွင့် ကန့်သတ်ထားပေမယ့် မလေးရှားက ပိုမိုပြင်းထန်စွာ အရေးယူဖို့ တောင်းဆိုထားတာဖြစ်ပြီး စစ်အုပ်စုကတော့ အာဆီယံက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတ​ယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.