ရန်ကုန်၊ မတ်(၂)

ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီက အကြမ်းမ ဖက်နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာယုံကြည်သက်ဝင်လျက် နိုင်ငံရေးပါတီအဖြစ် ဆက် လက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ စုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တို့မှာ ကျင်းပခဲ့ပြီး ဒီကနေ့အချိန်မှာ အရပ်ဘက်၊ စစ်ဘက်ပဋိပက္ခနဲ့ တိုင်းရင်းသားတန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ စိန်ခေါ်မှုအပြင်းထန်ဆုံးကာလဖြစ်တယ်လို့ ပြည်သူ့ပါတီက ဆိုပါတယ်။

နိုင်ငံတော်ရဲ့ နိုင်ငံရေးပြဿနာအဝဝကို ဖြေရှင်းနိုင်ဖို့ ဒီမိုကရေစီရေး၊ဖက်ဒရယ်အရေးပေါ်မှာ တစိုက်မတ်မတ် ခိုင်ခိုင်မာမာရပ်တည်မယ့် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် တည်ရှိဖို့ လိုအပ်တယ်လို့ ပြည်သူ့ပါတီက ယုံ ကြည်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြည်သူတစ်ရပ်လုံးအနေနဲ့ လူအား၊ငွေအား၊အကြံဉာဏ်အားနဲ့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်ပေးကြဖို့ ကိုလည်း ပြည်သူ့ပါတီက ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ပါတီဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ချက်အပါအဝင် ပါတီမှတ်ပုံတင်ဥပဒေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က ပြည်သူ့ပါတီ၊ ဥက္ကဋ္ဌ ဦးကိုကိုကြီးကို ၄ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

NLD အမတ်ဟောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မအူပင်ဦးစိန်ဝင်းကလည်း ပြည်သူ့ပါ တီနဲ့ ပူးပေါင်းလိုက်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်ကနေ ရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီရှိနေပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅ ခု ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် နိုင်ငံရေးပါတီ ၈ ခုအထိ ရှိပြီး အဲဒီပါတီတွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ် ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.