February 2023

ချင်း PDF များ အလင်းဝင်ဟု စစ်ကောင်စီဝါဒဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆို” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…

မွန်ပြည်နယ် လ.ဝ.က ရုံးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးဖောက်ခွဲခံရ

မော်လမြိုင် – ဖေဖော်ဝါရီ(၂၃) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ သံဖြူဇရပ်မြို့နယ်တွေမှာရှိတဲ့ ပြည်နယ် လ.ဝ.က ရုံးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးဖောက်ခွဲခံရတာကြောင့် ထိခိုက်ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့ညပိုင်းက မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးရှေ့နဲ့ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ (၁၅) မိနစ်ခြား အသံဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးလှိုင်ရပ်ကွက်ရုံးအရှေ့မှာ…

ရုရှားရဲ့ နျူသတိပေးချက်ကြောင့် အရှေ့ပိုင်းနေတိုးမဟာမိတ်တွေနဲ့ သမ္မတဘိုင်ဒန်တွေ့မယ်

ဝါရှင်တန် – ဖေဖော်ဝါရီ(၂၃) ရုရှားက နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ဆိုင်းငံ့ထားပြီးနောက် အမေရိကန် သမ္မတ ဂျိုဘိုင်ဒန်ဟာ လုံခြုံရေးအတွက် ထောက်ခံကြောင်းပြသဖို့အတွက် အရှေ့ ဘက်ခြမ်းက နေတိုးအဖွဲ့ခေါင်းဆောင်တွေနဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါ တယ်။ သမ္မတ ဘိုင်ဒန်ဟာ ဖေဖော်ဝါရီလ(၂၄) ရက်နေ့ ရုရှားကျူးကျော်မှုနှစ်ပတ်လည်နေ့ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ယူကရိန်းမြို့တော် ကိဗ်ကို အံအားသင့်ဖွယ်ရောက်ရှိပြီးနောက်…

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို တရုတ်ထောက်ခံ

ဂျကာတာ – ဖေဖော်ဝါရီ(၂၃) စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အတွက် အာဆီယံ ဘုံသဘောတူညီချက်(၅) ရပ်ကို တရုတ်နိုင်ငံဘက်က ထောက်ခံတဲ့အတွက် ဂုဏ်ယူ တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စရန်တိုမာဆူဒီက ပြောခဲ့ပါတယ်။ မစ္စရန်တိုရဲ့ ပြောဆိုချက်ဟာ ဆွေးနွေးဘက်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်နဲ့ ဂျာကတာ မြို့မှာ ကျင်းပတဲ့ အစည်းအဝေးတစ်ရပ်အပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။ “ဘုံသဘောတူညီချက် ၅…

တရုတ်ဆိုက်ရောက်ဗီဇာခရီးသည်တွေရဲ့ ကိုဗစ်စစ်ဆေးမှုလိုအပ်ချက်တွေကို တောင်ကိုရီးယားရုတ်သိမ်း

ဆိုးလ်၊ ဖေဖော်ဝါရီ(၂၃) တရုတ်နိုင်ငံအနေနဲ့ ကိုဗစ်အတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြန်လည်ဖြေလျော့ပေးလိုက်ပြီး နောက် လာမယ့်လမှစတင်ပြီး တရုတ်နိုင်ငံကဆိုက်ရောက်ဗီဇာခရီးသွားတွေကို ကိုဗစ်-၁၉ စစ်ဆေးဖို့ မလို အပ်တော့ကြောင်း တောင်ကိုရီးယား အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြောကြား ခဲ့ပါတယ်။ တင်းကျပ်တဲ့ ကိုဗစ်မူဝါတွေကို ရုတ်သိမ်းဖို့ ဘေဂျင်းက ဆုံးဖြတ်ပြီးတဲ့နောက်မှာ တောင်ကိုရီးယားဟာ တရုတ် နိုင်ငံမှ ခရီးသည်တွေအပေါ် နယ်နိမိတ်အစီအမံတွေ…

ဝိုင်ဒင်းရွာတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေ

ကော့သောင်း၊ ဖေဖော်ဝါရီ(၂၃) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ KTLA တပ်တွေနဲ့ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဝိုင်ဒင်းကျေးရွာကို စစ်ကောင်စီတပ်က တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၄ နာရီနီးပါးအကြာ…

စစ်အာဏာသိမ်း (၇၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၂၂ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၃) AAPP ရဲ့ ဖေဖော်ဝါရီ(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၅၂)ရက်အတွင်း ပြည်သူ (၃၀၂၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၈၃၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ရည်ညွှန်းရွှေဈေးအလုပ်မဖြစ်လို့ သတ်မှတ်ဈေးအတိုင်းရောင်းချကြဖို့ ရွှေလုပ်ငန်းရှင်အသင်း မေတ္တာ ရပ်ခံ

ရန်ကုန် ၊ ဖေဖော်ဝါရီ (၂၃) ရည်ညွှန်းရွှေဈေးနှုန်းဟာ ဈေးကွက်အတွင်း အလုပ်မဖြစ်တာကြောင့် သတ်မှတ်ထားတဲ့ ကာလပေါက် ဈေးအတိုင်း ရောင်းချပေးကြဖို့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ရက်စွဲနဲ့ မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီရဲ့ လမ်းညွှန်ချက်အ ရ မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို…

စစ်အုပ်ချုပ်ရေးကာလ ရေးမြို့နယ်ဒေသခံတွေရဲ့ ဘဝမလုံခြုံမှုနဲ့ လူမှုဒုက္ခ

ရေး ၊ ဖေဖော်ဝါရီ (၂၃) စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ဒေသခံလူထုတွေ ဟာ စီးပွားရေး၊ လူမှုရေး၊ သွားလာရေးအပြင် ဘဝမလုံခြုံမှုပြဿနာကို အကြီးအကျယ် ခံ စားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုးယူခဲ့တဲ့ စစ်ကောင်စီက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ်…

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

ဘီးလင်း၊ ဖေဖော်ဝါရီ(၂၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာတာကြောင့် KNLA ပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်…