လောင်းလုံးမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးပစ်သတ်ခံရပြီး နေအိမ်နဲ့ဆိုင်ပါမီးရှို့ခံရ
လောင်းလုံး၊ ဖေဖော်ဝါရီ(၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက လက် ဖက်ရည်ဆိုင်ပိုင်ရှင် ပစ်သတ်ခံရပြီး နေအိမ်နဲ့ဆိုင်ပါ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၁၂ နာရီ မထိုးခင်အချိန်လောက်မှာ တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီကား ၂ စီးဟာ လောင်းလုံးမြို့နယ် ကမြောကင်တံတားဘက်ကနေ မင်းရပ်ကျေးရွာဘက်ကို…