ဘန်ကောက် – ဖေဖော်ဝါရီ(၂၈)
ပလတ်စတစ်ဆာဂျူရီပြုလုပ်ကာ ချောမောလှပတဲ့ ကိုရီးယားမင်းသားပုံစံ ရုပ်ဖျက်ထားတဲ့ ထိုင်းမူးယစ်ဘုရင်တစ်ဦးကို ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။
မျက်နှာကို အကြိမ်းပေါင်းများစွာပြင်ဆင်ခဲ့တဲ့ အသက်(၂၅) နှစ်အရွယ်ဆာရာဟတ် ဆဝန်ဂျင် ဟာ စုံထောက်တွေဆီက ရှောင်ကွင်းသွားနိုင်ဖို့အတွက် သူရဲ့အမည်ကို ဂျီမင်ချန်းအဖြစ် ပြောင်း လဲခဲ့သေးတာပါ။
သူဟာ Ecstasy ဒါမှမဟုတ် Molly လို့ လူသိများတဲ့ MDMA စိတ်ကြွဆေးတွေကို တင်သွင်းခဲ့ တဲ့အတွက် သူနေထိုင်တဲ့ ဘန်ကောက်မြို့ ဘန်ငခရိုင်မှာရှိတဲ့ ကွန်ဒိုတစ်ခုမှာ ဖမ်းဆီးရမိခဲ့ တယ် လို့သိရပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာတည်းက လွတ်မြောက်သွားခဲ့တဲ့ တရားခံဆီမှာ လျှို့ဝှက်ရဲအရာရှိတစ်ဦး ဟာ သူ့အတွက် မူးယစ်ဆေးဝါးဆက်သားအဖြစ် အသွင်ယူဝင်ရောက်လုပ်ကိုင်ရင်း နောက်ဆုံးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ထိုင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ မစ္စတာ ဆာရာဟတ်ကို ဖမ်းဆီးဖို့အတွက် နေအိမ်ကို သွားရောက်ချိန်မှာ သူ့ရဲ့ မူရင်းမျက်နှာမရှိဘဲ ချောမောလှပတဲ့ ကိုရီးယား လူမျိုး တစ်ဦး အဖြစ် ပြောင်းလဲသွားတဲ့အတွက် ရဲအရာရှိတွေတောင် ရှော့ခ်ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။
သူ့ကို (၃) ကြိမ်တိုင်ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့တွေက သူ့ရဲ့ မူရင်းမျက်နှာကို ကောင်းမွန်စွာ မှတ်မိပေမယ့် ဒီတစ်ကြိမ်ဖမ်းဆီးမှုအတွက် သက်ဆိုင်ရာက မှတ်ချက်တစုံတရာ မပေးသေး ပါ ဘူး။
မစ္စတာ ဆာရာဟတ် အွန်လိုင်းလှုပ်ရှားမှုတွေကို အမည်မသိလုပ်ဆောင်နိုင်တဲ့ Dark Web က တဆင့် Bitcoin ကိုအသုံးပြုပြီး မူးယစ်ဆေးဝါးတွေ ဝယ်ယူဖို့ ကြိုးစားခဲ့ပြီး ဘန်ကောက် တဝိုက် ရှိ ဝယ်ယူသူတွေဆီကို ပြန်လည်ရောင်းချကာ MDMA မူးယစ်ဆေးဝါ ပမာဏများစွာကို တင်သွင်းခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ဘန်ကောက်မြို့ရဲ့ MDMA မူးယစ်ဆေးဝါးကပ်ဘေးကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်း အရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရဲမှူးချုပ်ထမ်မာဆူတီ က ပြောခဲ့ပါတယ်။
“သူက အသက် ၂၅ နှစ် လောက်ကတည်းကနေ MDMA တွေက ဥရောပမှ တင်သွင်းနေတဲ့ မူးယစ်ရာဇာတစ်ဦးဖြစ်တယ်။ သံသရတရားခံအများအပြားသည်လည်း နိုင်ငံရပ်ခြားမှ ရှိနေကြမယ်လို့ ကျွန်ုပ်တို့ ထင်မြင်မိတယ်။ ကျွန်ုပ်တို့ရဲ့ ဒီစုံစမ်းစစ်ဆေးမှုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။