ဒေလီ – ဖေဖော်ဝါရီ(၂၄) 

အိန္ဒိယနိုင်ငံမှာ လူသတ်မှု မုဒိမ်းမှုတွေနဲ့ စီရင်ချက်ချမှတ်ခံထားရတဲ့  ဘာသာရေးခေါင်းဆောင် တစ်ဦးဟာ (၁၂) လတာအတွင်း ထောင်ကနေ (၄) ကြိမ်မြောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနေရတဲ့ နိုင်ငံတွင်း အန္တရာယ်များ တဲ့ သာဓက တစ်ခုဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

လူသန်းပေါင်းများစွာထောက်ခံမှုရရှိထားတဲ့ ဒယ်ရာဆာချာဆောက်ဒါ ဘာသာရေးအဖွဲ့ အကြီး အကဲ ဂါမတ်ရမ်ရဟင်မ်ဆင်မ်ကို ၂၀၂၁ ခုနှစ်ဇန်နဝါရီလကလည်း ရပ်ပေါင်း(၄၀) ပြန်လွှတ်ပေး ခဲ့ဖူးပြီး ဒီတကြိမ်ဟာ လာမယ့် မတ်လအစောပိုင်းအထိဖြစ်နိုင်တယ်လို့  အိန္ဒိယမြောက်ပိုင်း ဟာရယ်နာ ပြည်နယ်၊ ရိုဟ့်တက်မြို့တော် အကြီးအကဲက CNN ကိုပြောခဲ့ပါတယ်။ 

ဂုရုဆင်မ်ဟာ သူ့ရဲ့ နောက်လိုက်တွေထဲက လူနှစ်ဦးကို အဓမ္မပြုကျင့်တဲ့အတွက် ၂၀၁၇ ခုနှစ်က ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံထားရပြီးနောက်(၂) နှစ်အကြာမှာလည်း သူ့ရဲ့ ဘာသာရေးအဖွဲ့ အတွင်း အမျိုးသမီးတွေကို လိင်အလွဲသုံးစားပြုလုပ်မှုကို ဖော်ထုတ်ခဲ့တဲ့ သတင်းထောက် တစ်ဦးကို သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံထားရတာပါ။ 

ပြစ်မှုကျူးလွန်တာတွေရှိခဲ့တဲ့ ဘာသာရေးခေါင်းဆောင် ဆင်မ်ကို လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ၊ ဇွန်လနဲ့ အောက်တိုဘာလတွေမှာလည်း ယာယီခွင့်နဲ့ ထောင်ကလွှတ်ပေးခဲ့တဲ့အတွက် အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူတွေ ကန့်ကွက်တာတွေရှိခဲ့ပါတယ်။ 

ဂုရုကြီးရဲ့ လွတ်မြောက်မှုကို ဆစ်ခ်ဘာသာရေးအဖွဲ့တစ်ဖွဲ့ကလည်း ဝေဖန်ကန့်ကွက်ထားပေမယ့် ထောင်ကပြန်ထွက်လာတဲ့ ဂုရုဆင်မ်ဟာ လူငါးသန်းကျော်ရှိတဲ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်က မိဘရေးရာခေါင်းစဉ်တွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတာကို အားမပေးဖို့ သီချင်းတွေကို ထုတ်လွှင့်ခဲ့ ပါသေးတယ်။ 

တရားရုံးမှတ်တမ်းတွေအရ တချို့သော လူတွေဟာ သူ့ကို သံတိုင်အနောက်ပြန်ပို့ပြီး လွတ် မြောက်မှုကို ရုတ်သိမ်းဖို့ တောင်းဆိုထားကြသလို ဘာသာရေးခေါင်းဆောင် ဆင်မ် ရဲ့ လွတ်မြောက်မှုလို တောင်းဆိုခဲ့သူတွေလည်း ရှိခဲ့ပြီး သူတို့ကိုတော့ပန်ဂျပ်နဲ့ ဟာရာနာ လို အမြင့်ဆုံး ရုံးတော်တွေက ပလပ်ခဲ့ဖူးပါတယ်။ 

ဘာသာရေးခေါင်းဆောင်ဘာကြောင့် လွတ်မြောက်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရို့ဟ်တက် ခရိုင်အာဏာပိုင်တွေနဲ့ ဟာရန်နာပြည်နယ် အစိုးရအဖွဲ့ကို CNN က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ဂုရုဆင်မ် လွတ်မြောက်မှုကို ပြည်နယ် အကြီအကဲ ဝန်ကြီး မာနိုက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သလို ဘယ်သူ့ကိုမဆို အာမခံပေးတာနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာဟာ ရုံးတော်ရဲ့တာဝန်သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.