ဝါရှင်တန် – ဖေဖော်ဝါရီ(၂၃)
ရုရှားက နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ဆိုင်းငံ့ထားပြီးနောက် အမေရိကန် သမ္မတ ဂျိုဘိုင်ဒန်ဟာ လုံခြုံရေးအတွက် ထောက်ခံကြောင်းပြသဖို့အတွက် အရှေ့ ဘက်ခြမ်းက နေတိုးအဖွဲ့ခေါင်းဆောင်တွေနဲ့ ဖေဖော်ဝါရီလ(၂၂) ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပါ တယ်။
သမ္မတ ဘိုင်ဒန်ဟာ ဖေဖော်ဝါရီလ(၂၄) ရက်နေ့ ရုရှားကျူးကျော်မှုနှစ်ပတ်လည်နေ့ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ယူကရိန်းမြို့တော် ကိဗ်ကို အံအားသင့်ဖွယ်ရောက်ရှိပြီးနောက် ပိုလန် မြို့တော် ဝါဆောကို ရောက်ရှိခဲ့ပါတယ်။
စစ်အေးတိုက်ပွဲနောက်ပိုင်း ဆယ်စုနှစ်တွေအတွင်း ရုရှားနဲ့ အနောက်အုပ်စုကြား တင်းမာမှု အမြင့် ဆုံးကာလမှာ ဘိုင်ဒန်က ဝါဆောမြို့လယ်မှာ လူထောင်ပေါင်းများစွာကို မိန့်ခွန်းပြောကာ ရုရှား သမ္မတ ဗလာဒီမာပူတင်လို အာဏာရှင်တွေကို ဆန့်ကျင်ရမယ်လို့ ဆိုခဲ့ပါတယ်။
အစောပိုင်းကလည်း သမ္မတ ပူတင်က အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့အတူ ယူကရိန်း စစ်ပွဲအတွက် သူတို့မှာ အပြစ်မရှိဘူးလို့ ပြောခဲ့ပြီး ပူတင်ဟာ New START လက်နက် ထိန်းချုပ်ရေးစာချုပ်မှ ကျောထောက်နောက်ခံပြုကာ မော်စကိုအနေနဲ့ နျူကလီးယား စမ်းသပ်မှု တွေကို ပြန်လည်စတင်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဘိုင်ဒန်ဟာ စစ်အေးကာလမှာ ရုရှားကို ကြီးစိုးပြီးနောက် အနောက်စစ်မဟာမိတ်အဖွဲ့မှာ ပါဝင်ခဲ့ တဲ့ အရှေ့ဘက်ခြမ်းက ဘူချာရက်စ်နိုင်း နေတိုးခေါင်းဆောင်တွေနဲ့ မတွေ့ဆုံခင် ဝါဆောအခြေ စိုက် အမေရိကန်သံရုံးဝန်ထမ်းတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။
ခေါင်းဆောင်ပိုင်းအများစုဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ထောက်ခံသူတွေထဲမှာ ပါဝင်ပြီး အုပ်စုတွင်းနိုင်ငံတွေက အရာရှိတွေက လေကြောင်းရန်ကာကွယ်ရေး စနစ်တွေလို အထောက်အပံ့တွေကို ထပ်မံတောင်းဆိုထားပါတယ်။
ဘိုင်ဒန်က အစည်းအဝေးမှာ လုံခြုံရေးဆိုင်ရာ ကတိကဝတ်တွေကို ထပ်မံအတည်ပြုဖို့ စီစဉ် ထားပြီး ဝါရှင်တန်ကို မပြန်ခင် ယူကရိန်းနိုင်ငံအတွက် အထောက်အပံ့တွေ ဆွေးနွေးဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။
ဆွီဒင်၊ဖင်လန်တို့နဲ့ ထပ်မံဖြည့်တည်းလာနိုင်တဲ့ နေတိုးကို ရုရှားဟာ သူတို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ရှုမြင်နေပါတယ်။
လစ်သူယေးနီးယား သမ္မတက ဘိုင်ဒန်ဆီကို ပေးပို့တဲ့ စာမှာလည်း ဥရောပမှာ အမေရိကန်ရဲ့ ကြီးမားတဲ့ ပါဝင်ပတ်သက်မှုနဲ့ နေတိုးရဲ့ အရှေ့ဘက်ခြမ်းအဖွဲ့တွေအနေနဲ့ ယူကရိန်းကို ပိုမို အကူအညီပေးဖို့ လိုတယ်လို့ နိုင်ငံခြားရေးမူဝါဒ အကြံပေး အကြီးအကဲက ပြောခဲ့ပါတယ်။
“လစ်သူယေးနီးယားနှင့် အခြားစိတ်တူနိုင်ငံများက လေကြောင်းရန်ကာကွယ်ရေး၊ ရှေ့တန်း ကာကွယ်ရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွင် ပိုမိုရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သက်တဲ့ တောင်းဆိုမှုများစွာရှိတယ်” လို့ လစ်သူယေးနီးယား
အကြံပေးက ဆိုပါတယ်။
လစ်သူယေးနီးယားနိုင်ငံဟာ ၂၀၀၄ ခုနှစ်က နေတိုးအဖွဲ့ကို ဝင်ရောက်ခဲ့ပြီး နေတိုးလုံခြုံရေး မဟာမိတ်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Ref: ALARABIYA