ဆိုးလ်၊ ဖေဖော်ဝါရီ(၂၃)
တရုတ်နိုင်ငံအနေနဲ့ ကိုဗစ်အတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြန်လည်ဖြေလျော့ပေးလိုက်ပြီး နောက် လာမယ့်လမှစတင်ပြီး တရုတ်နိုင်ငံကဆိုက်ရောက်ဗီဇာခရီးသွားတွေကို ကိုဗစ်-၁၉ စစ်ဆေးဖို့ မလို အပ်တော့ကြောင်း တောင်ကိုရီးယား အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြောကြား ခဲ့ပါတယ်။
တင်းကျပ်တဲ့ ကိုဗစ်မူဝါတွေကို ရုတ်သိမ်းဖို့ ဘေဂျင်းက ဆုံးဖြတ်ပြီးတဲ့နောက်မှာ တောင်ကိုရီးယားဟာ တရုတ် နိုင်ငံမှ ခရီးသည်တွေအပေါ် နယ်နိမိတ်အစီအမံတွေ ချမှတ်ခဲ့ပေမယ့်လည်း အချို့သော အိမ်နီးချင်းနိုင်ငံတွေ မှာ တိုးတက်ကောင်းမွန်လာတဲ့ ကိုဗစ်-၁၉ အခြေအနေတွေကို ကိုးကားပြီး ဖြေလျှော့ပေးခဲ့တယ်လို့ ဆိုပါ တယ်။
တရုတ်နိုင်ငံက ရောက်ရှိလာသူတွေကြား ကိုဗစ်စစ်ဆေးတွေ့ရှိသူအရေအတွက်မှာ ဇန်နဝါရီလ ပထမပတ်မှာ (၁၈.၄) ရာခိုင်နှုန်းကနေ ဖေဖော်ဝါရီ တတိယပတ်မှာ (ဝ.၆) ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့အတွက် သီးသန့် ခွဲထားတဲ့ အစီအမံတွေကို ထပ်လောင်းဖြေလျှော့မှုတွေ ရှိလာနိုင်ပါတယ်လို့ ပြည်ထဲရေးနဲ့ ဘေးအန္တရာယ်ကင်း ရှင်းရေး ဝန်ကြီးဌာနမှာပြုလုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အစည်းအဝေးမှာ ဒုဝန်ကြီး ကင် ဆောင်ဟိုက ပြောကြားခဲ့ပါတယ်။
တရုတ်ခရီးသည်တွေအတွက် မထွက်ခွာမီ မဖြစ်မနေ PCR စမ်းသပ်မှုတွေကို မတ်လ ၁၀ ရက်အထိ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး အခြားသော ကိုဗစ်-၁၉ စည်းမျဉ်းများဖြေလျှော့မှုကြောင့် အကျိုးသက် ရောက်မှုတွေကို စောင့်ကြည့်အကဲဖြတ်ဖို့ ကင်က ပြောခဲ့ပါတယ်။
တောင်ကိုရီးယားက အစောပိုင်းမှာ တရုတ်ခရီးသည်တွေအတွက် ကာလတိုဗီဇာတွေ ပြန်လည်ထုတ်ပေးခဲ့ပြီး အဲဒီနောက်မှာ ဆိုးလ်ရဲ့ နယ်စပ်ကန့်သတ်ချက်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဘေဂျင်းက ချမှတ်ခဲ့တဲ့ အလား တူ ဗီဇာကန့်သတ်ချက်တွေကို ရုတ်သိမ်းခဲ့ပါတယ်။
Ref: CNA