ဖနွမ်းပင်၊ ဖေဖော်ဝါရီ(၂၄)
ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်တုတ်ကွေးရောဂါတစ်မျိုးကြောင့် အသက်၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဒါဟာနှစ်များစွာအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးရတဲ့ ပထမဆုံးဖြစ်စဉ်လို့ ကျန်းမာရေးအာ ဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ နို့တိုက်သတ္တဝါတွေမှာ ကြက်ငှက်တုတ်ကွေးကူးစက်ရောဂါ လတ်တလော ဖြစ်ပေါ်နေမှုကို သတိထားရန် တောင်းဆိုခဲ့ပြီး လူတွေကိုတော့ ကူးစက်နိုင်ချေနည်းပါးကြောင်းလည်း ပြောကြားထားတာပါ။
ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကမ္ဘောဒီးယားမိန်းကလေးငယ်တစ်ဦးဟာ ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်း နာခြင်းတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရောဂါထိန်း ချုပ်ရေးဦးစီးဌာန က ဖေဖော်ဝါရီ၂၂ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ရောဂါထိန်း ချုပ်ရေးဦးစီးဌာနအနေနဲ့ အဲဒီမိန်းကလေးဟာ ဘယ်အချိန်မှာ သေဆုံးခဲ့တယ်ဆိုတဲ့ ရက်ကိုတော့ ဖော်ပြခြင်းမရှိဘဲ ပရီဗန် ခရိုင်ဒေသန္တရ မှ မိန်းကလေးငယ်မှာ ငှက်တုပ်ကွေးဗိုင်းရပ်စ်မျိုးစိတ်လို့ ထင်ရတဲ့ H5 N1 ကို ဓါတ်ခွဲအဖြေမှာ စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ဒီရောဂါဟာ ပုံမှန်အားဖြင့် ငှက်တွေကနေ လူတွေကို တိုက်ရိုက်ထိတွေ့ ခြင်းကနေ ကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစတင်ပြီး ဥရောပမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့ပြီး မြောက်အမေရိက နဲ့ တောင်အမေရိကတို့မှာလည်း ပြင်းထန်စွာ ကြုံတွေ့ခဲ့ရတာပါ။
အဲဒီအခြေအနေကြောင့် ကမ္ဘာတစ်ဝှမ်းရှိ H5N1 ကူးစက်ခံထားရတဲ့ အိမ်မွေး ကြက်သန်းပေါင်းများစွာကို သုတ်သင်ရှင်းလင်းခဲ့ပြီး တောရိုင်းငှက်သောင်းနဲ့ချီ သေဆုံးမှုတွေဟာလည်း ကမ္ဘာလုံးဆိုင်ရာ ရောဂါကူး စက်မှုကြောင့် ဖြစ်ပွားရတယ်လို့ ဆိုထားပါတယ်။
နို့တိုက်သတ္တဝါ အများအပြားမှာ အဲဒီရောဂါကို မကြာသေးမီက တွေ့ရှိခဲ့ခြင်းကြောင့် လူသားတွေအတွက် အန္တရာယ် ပိုဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်စေခဲ့တာပါ။
“နို့တိုက်သတ္တဝါတွေဆီ မကြာသေးမီက ကူးစက်မှုတွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အခု အချိန်မှာတော့ လူသားတွေအတွက် အန္တရာယ်ဖြစ်နိုင်ချေ အနိမ့်ဆုံးအဖြစ်လို့တော့ WHO က အကဲဖြတ် ထားတုန်းပဲ” လို့ WHO က ပြောကြားခဲ့ပါတယ်။
Ref; Straitstimes