ဘန်ကောက် – ဖေဖော်ဝါရီ(၂၂)
ထိုင်းနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဘန်ကောက်မြို့တော် ပြည်သူတွေက ရွေးချယ်ခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ဖယ်တုံတန်ရှင်နာဝါထရာ ဦးဆောင် နေပြီး လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ်ကိုတော့ ရွေးချယ်သူနည်းပါးခဲ့တယ်လို့ သိရပါတယ်။
ဖြေဆိုသူ (၁၅၇၁)ဦးမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်တုံတန်ဟာ (၂၈.၅) ရာခိုင်နှုန်းရရှိထားသလို မစ္စတာ ပရာရွတ်ကတော့ (၂၅.၇) ရာခိုင်နှုန်းရရှိခဲ့တာပါ။
ထိုင်းနိုင်ငံဖွံ့ဖြိုးရေးစီမံခန့်ခွဲမှု အမျိုးသားအင်စတီကျုကဦးဆောင်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လတည်းကပြုလုပ်တဲ့ စစ်တမ်းမှာ အသက်(၃၆) နှစ်အရွယ် ဖယ်တုံတန်ထက် ပြည်သူ့ဆန္ဒပဲ ထက်ဝက်အောက်သာ ရရှိခဲ့တဲ့ အသက်(၆၈) နှစ်အရွယ် စစ်တပ်အကြီးအကဲ ပရာရွတ်တို့ရဲ့ အခြေအနေကို ဒီစစ်တမ်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အခုတစ်ခါ ပြုလုပ်ကောက်ခံတဲ့ စစ်တမ်းကို Super Poll ပုဂ္ဂလိက သုတေသနအေဂျင်စီက ပြုလုပ်ပြီး စစ်တမ်းဖြေဆိုသူရဲ့ သုံးပုံတစ်ပုံဟာ မစ္စတာ ပရာရွတ်ကို အမြင့်ဆုံး ရွေးချယ်ထား သလို မြို့တော် ဖြေဆိုသူအားလုံးရဲ့ (၂၁.၃) ရာခိုင်နှုန်းက မစ္စ ဖယ်တုံတန်ကို ရွေးချယ်ထား ကြတယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့ပြင်က ဧရိယတွေမှာ မစ္စဖယ်တု့တန်ဟာ ပြည်သူရွေးချယ်မှု (၂၉.၉) ရာခိုင်နှုန်း အထိပိုင်ဆိုင်ခဲ့ပြီး မစ္စတာ ပရာရွတ်ကတော့ (၂၄.၃) ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
အရှေ့တောင် အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံရဲ့ ဒီတကြိမ်ရွေး ကောက်ပွဲဟာ (၁၇) နှစ်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အရှုပ်အထွေးတွေရဲ့ ဗဟိုချက်မ အတွက် ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေကို ပြသမှာဖြစ်တယ်လို့ ဆိုနေကြပါတယ်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ အကျော်ကြားဆုံးဖြစ်ပြီး အင်အားတောင့်တင်းကာ ရွေးကောက် ပွဲတိုင်း အောင်နိုင်ခဲ့တဲ့ မစ္စဖယ်တုံတန် ဦးဆောင်လာတဲ့ ဖီယူထိုင်းပါတီကို စစ်အာဏာသိမ်းပြီး နောက် တရားစွဲဆိုမှုတွေနဲ့အတူ အစိုးရအဖွဲ့အဖြစ်ကနေ ပယ်ချခဲ့ဖူးပါတယ်။
ပါတီအသစ်ကို ပြောင်းရွှေ့ပြီး ရွေးကောက်ပွဲဝင်မယ့် မစ္စတာ ပရာရွတ်ဟာ ၂၀၁၄ ခုနှစ်က ဖယ်တုံတန်ရဲ့ အဒေါ်ဖြစ်သူ ရှင်နာဝါထရာ ရဲ့ အစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်အာဏာသိမ်းမှုကို ဦးဆောက်ကာ အာဏာရယူထားသူဖြစ်ပါတယ်။
ပြည်သူရွေးချယ်မှု အမြင့်ဆုံး ရရှိထားတဲ့ သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်တုံတန်က စစ်တပ်ရဲ့ ကြားဝင်ဆောင်ရွက်မှုတွေဟာ ထိုင်းနိုင်ငံကို နောက်ပြန်ဆွဲစေပြီး ဒီအချိန်ဟာ ကာလရှည်ကြာ ဖြစ်ပေါ်ပြီး မတူကွဲပြားတဲ့ ပြဿနာတွေကို ချုပ်ငြိမ်းဖို့ ကြီးမားတဲ့ အပြောင်းအဲတွေအတွက် ဖြစ်တယ်လို့ ရိုက်တာကို ပြောခဲ့ပါတယ်။
Ref: Reuters