February 21, 2023

သရုပ်ဆောင် အကယ်ဒမီသီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်

ရန်ကုန် – ဖေဖော်ဝါရီ(၂၁) သရုပ်ဆောင်၊ဒါရိုက်တာသီဟတင်စိုးဟာ ဒီနေ ဖေဖော်ဝါရီလ(၂၁) ရက်နေ့မှာ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက အသိပေးထားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၅၅) နှစ်အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တဲ့ အတွက် မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းရတယ်လို့ သရုပ်ဆောင်ဝေဠုကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ သူဟာ ၂၀၀၀ ခုနှစ်အကယ်ဒမီမေးပွဲမှာ “ငရဲသား” ဆိုတဲ့…

တာလီဘန်တွေက ပြည်ပအခြေစိုက်စစ်စခန်းတွေကို အထူးစီးပွားရေးဇုန်တွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေ

ကာဘူးလ်၊ ဖေဖော်ဝါရီ(၂၁) အရင်ကထားရှိခဲ့တဲ့ နိုင်ငံခြားစစ်အခြေစိုက်စစ်စခန်းတွေကို စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အထူးစီးပွားရေးဇုန်တွေအဖြစ် ပြောင်းလဲပစ်မယ့်အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာလီဘန်အစိုးရ စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ (၁၉ ) ရက်နေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ အရင်က အမေရိကန်အခြေစိုက်စခန်းတွေအတွက် အစီအစဉ် တွေကို လုပ်ဆောင်နေပြီး ယာယီလက်ထောက်ဝန်ကြီးချုပ်ဦးဆောင်တဲ့ စီးပွားရေးကော်မတီနှစ်ရပ်စလုံးထံ တင်ပြကာ အစိုးရအဖွဲ့ထံ အတည်ပြုချက်ရယူမှာဖြစ်ကြောင်း ဒီဇင်ဘာလက…

တရုတ်နိုင်ငံဟာ ကမ္ဘာ့ရာသီဥတုဘေးအန္တရာယ်နဲ့ ထိခိုက်လွယ်ဒေသအများဆုံးပိုင်ဆိုင်ထား

ဘေဂျင်း – ဖေဖော်ဝါရီ(၂၁) ကမ္ဘာလုံးတိုင်ရာ ရာသီဥတုပြောင်းလဲမှုအန္တရာယ်ကို ထိရှလွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒေသ (၂၀) ထဲမှာ တရုတ်နိုင်ငံဟာ (၁၆) ဒေသပါဝင်နေပြီး အရေးကြီးထုတ်လုပ်ရေးစက်မှုဇုံတွေဟာ ရေမျက်နှာပြင်မြင့်တက်တာနဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ရင်ဆိုင်နေရပါတယ်။ မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်အချက်အလက်တွေကို အသုံးပြုကာ စီးပွားရေးလုပ်ငန်း တွေက တွန်းပို့တဲ့ အပျက်အစီးတွေကြောင့် လာမယ့် ၂၀၅၀ ခုနှစ်မှာ အပူချိန်မြင့်တက်မှုကို စုံစမ်းစစ်ဆေးဖို့…

စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – ဖေဖော်ဝါရီ(၂၁) နိုင်ငံရေးတိကဝတ်တွေကို အမြန်ဆုံးသဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ကျွန်တော် အမြဲပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံး ပြေ လည်အောင်…

“စစ်ကောင်စီဘက်ကဘာကြောင့် ထိခိုက်ကျဆုံးမှုပိုများလာတာလဲဆိုတာ ဒါကတော့ တိုတိုနဲ့ပြောရမယ်ဆိုရင် ပြည်သူလူထုကို မတရားနှိပ်ကွပ်ဖိနှိပ်၊ နှိပ်စက်တဲ့ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းတွေက လူထုကသူ့ဘက်မှာ လုံးဝမရပ်တည်တဲ့အခါမှာ ဘယ် ကိုပဲသွားသွား ဒုက္ခတွေတွေ့မှာဆိုတာတော့ ယုံမှားသံသယမရှိပါဘူး”

KNU ပြောခွင့်ရပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂နှစ်အတွင်း နှစ်ဖက် တိုက်ပွဲပေါင်း ၈၀၀၀ နီးပါး ဖြစ်ပွားထားသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည် သူ အရေအတွက်ကလည်း ၄ သိန်း ကျော်အထိရှိလာခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာတော့ KNU အုပ်ချုပ်နယ် မြေထဲက စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်း…

ဒုံးကျည်ထပ်မံစမ်းသပ်ပြီး အမေရိကန်ကို စိန်ခေါ်လိုက်တဲ့ ကင်ဂျုံအွန်းရဲ့ ညီမ

ပြုံယမ်း – ဖေဖော်ဝါရီ(၂၁) မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အင်အားကို တိုးမြှင့်နေတာကြောင့် အာရှ-ပစိဖိတ် ဒေသမှာ တင်းမာမှုတွေပိုမိုပြင်းထန်လာတာနဲ့အတူ ဒုံးကျည်စမ်းသပ်တဲ့နေ့မှာ ကင်ဂျုံအွန်းရဲ့ ညီမဖြစ်သူက မိမိကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ အမေရိကန်ကို သတိပေး လိုက်ပါတယ်။ ဒီသီတင်းပတ်အကုန်က မြောက်ကိုရီးယားဟာ ဂျပန်ရေပိုင်နက်ကို နောက်ထပ်ပဲ့ထိန်းဒုံးကျည် သုံးစင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပြီး မြောက်ကိုရီးယားရဲ့ Hwasong-15တိုက်ချင်းပစ်ဒုံးကျည်(ICBM) ပစ်လွှတ်ပြီးနောက်ထွက်ပေါ်လာတာပါ။ ဒီစမ်းသပ်မှုကြောင့်…

ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် MWRN အကြံပေး ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်

ထိုင်းနိုင်ငံထဲကို တရားဝင် MOU စာချုပ်နဲ့ ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ် အကိုင်မရတာ၊ လုပ်ခ လစာမရတာ၊ ပတ်စ်ပို့စာအုပ်ကို အလုပ်ရှင်ဘက်က သိမ်းထားတာ၊ စာချုပ်ပါအ တိုင်း အလုပ် လုပ်ခွင့်မပေးတာ၊ အလုပ်ပြောင်း ရွှေ့စာနဲ့ နစ်နာကြေးမပေးတာစတဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြုံ တွေ့နေရတာပါ။ ဒါကြောင့် ထိုင်းနိုင်ငံထဲမှာ ရောက်ရှိတဲ့ MOU မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊…

တနင်္သာရီတိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ကျော် ထပ်တိုးလာ

တနင်္သာရီ၊ ဖေဖော်ဝါရီ(၂၁) တနင်္သာရီတိုင်းဒေသကြီး၊ ပုလော၊ တနင်္သာရီနဲ့ထားဝယ်မြို့နယ်တို့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန် လည် ပြင်းထန်လာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ တနင်္သာရီတိုင်ဒေသကြီး ပုလောနဲ့တနင်္သာရီမြို့နယ်တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အဲဒီမြို့နယ် ၂ မြို့နယ်အပါအဝင် ထားဝယ်မြို့နယ်တို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။…