လောင်းလုံး၊ ဖေဖော်ဝါရီ(၁၈)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီးနောက် ဖေ ဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံအမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်း ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၆ နာရီလောက်မှာ လောင်းလုံးမြို့ ဃ ရပ်ကွက်နေ စစ်ကောင်စီပြည်သူ့ စစ်အဖွဲ့ဝင် ဦးအောင်ဆန်းဦးကို အမည်မသိ သေနတ်သမားတွေက နေအိမ်မှာလာရောက် ပစ်သတ်သွား တာပါ။
ဦးအောင်ဆန်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက မနေ့က မနက် ၉ နာရီလောက်မှာ လောင်းလုံးမြို့ပေါ်က (ဂ)နဲ့(ဃ)ရပ်ကွက်တို့ကို ဝင်မွှေပြီး ဒေသခံ အမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။
စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့သူတွေမှာ မမိငြိမ်း၊ ဒေါ်အုန်းရွှေ၊ မသန်းသန်းထွေးနဲ့ဒေါ်သန်းအေးတို့ ဖြစ်ပြီး သူတို့တွေဟာ သာမာန် အိမ်ရှင်မတွေသာဖြစ်ကာ မည်သည့်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
ဖမ်းဆီးခံဒေသခံအမျိုးသမီး ၄ ဦးကို လောင်းလံးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီနေ့ ညနေပိုင်းအထိ ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။
လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်က လူငယ်လူရွယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတာဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေသခံ ပြည်သူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲကပြည်သူအများစုကိုတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချထားပါတယ်။
သတင်း – သံလွင်တိုင်းမ်