မကွေး – ဖေဖော်ဝါရီ(၁၇)

မကွေးတိုင်း၊ PRA-Magway ဌာနချုပ်တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်း ဆင်းရဲဘော်တွေရဲ့ တော်လှန်ရေးကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၆) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အပတ်စဉ်(၄) သင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၆) ရက်နေ့က သင်တန်းဆင်းအခမ်းအနားပြုလုပ် ခဲ့ပြီး အခုချိန်မှာတော့ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ပေးအပ်တာတွေဆောင်ရွက်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၅) ကိုလည်း PRA-Magway လေ့ကျင့်ရေးဌာနက ဦးဆောင် စီစဉ်သွားမှာဖြစ်ပြီး ရဲဘော်သစ်စုဆောင်ရေးလုပ်ငန်းတွေကို မကြာခင်စတင်တော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ – PRA-Magway

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.