ကိဗ်၊ ဖေဖော်ဝါရီ (၁၇)

ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ကို ဖြတ်ကျော်ပြီး ရုရှားက လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်း ဒါဇင်တစ်ဝက်ကို ခြေရာခံတွေ့ရှိခဲ့ပြီး အများစုကို ပစ်ချခဲ့တယ်လို့ ယူကရိန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိုးပျံပူဖောင်းတွေထဲမှာ ကင်းထောက်ကိရိယာတွေကို သယ်ဆောင်လာနိုင်ပြီး ယူကရိန်းရဲ့ လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်လှမ်းနိုင်ဖို့  လွှတ်တင်ခဲ့တာဖြစ်နိုင်တယ်လို့ ကိဗ်အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဘောလုံးအများစုကို ပစ်ချလိုက်ပြီလို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပြီး အာဏာ ပိုင်တွေကတော့ ပူဖောင်းအပျက်အစီးတွေကို ဂရုတစိုက်စစ်ဆေးမယ်လို့ ဆိုပါတယ်။

ကောင်းကင်ယံမှာ မိုးပျံပူဖောင်းတွေကြောင့် ဥသြသံတွေ ထွက်ပေါ်လာခဲ့ပြီး ဒုံးကျည်တွေချဉ်းကပ်လာတဲ့ အခါ မျိုးမှာလည်း ယူကရိန်းမြို့တော်မှာ ဥသြသံတွေထွက်ပေါ်လာလေ့ရှိတာပါ။

ရုရှားဟာ ယူကရိန်းလေယာဉ်ပစ်ဒုံးကျည်တွေကို ဖယ်ရှားဖို့အတွက် မိုးပျံပူဖောင်းတွေကို အသုံးပြုတာဖြစ်တယ် လို့ ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

“ရုရှားတွေဟာ သူတို့ရဲ့ မျှော်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ရတဲ့စစ်ပွဲနည်းလမ်းအားလုံးကို အသုံးပြု သွားမှာပါဘဲ။ ဒါကြောင့် အဲဒီကိရိယာတွေဟာ ထောက်လှမ်းရေးတစ်မျိုးမျိုး လုပ်ဆောင်နိုင်တယ်ဆိုတာကို ငြင်းလို့မရနိုင်ဘူး။  ဒီဟာတွေက ဘာလဲဆိုတာနဲ့ နားလည်ဖို့ အရေးကြီးပါတယ်” လို့ သူက အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရုရှားရဲ့ကျူးကျော်စစ်စတင်ချိန်ကစပြီး ယူကရိန်းအာဏာပိုင်တွေဟာ နိုင်ငံရဲ့ လေပိုင်နက်အတွင်း ရုရှားမီးပုံးပျံတွေ ပျံဝဲနေကြောင်း အကြိမ်ကြိမ် သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။

မော်စကိုနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်တုန်းက အိမ်နီးချင်းမော်လ်ဒိုဗာမှာ ရာသီဥတု တိုင်းတာတဲ့ မိုးပျံပူ ဖောင်းနဲ့ ဆင်တူတဲ့ လေပေါ်ဝဲပျံနေတဲ့အရာဝတ္ထုတစ်ခုရှိနေတာကြောင့် သူ့ရဲ့လေပိုင်နက်ကို အင်္ဂါနေ့မှာ ခေတ္တပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက လျှို့ဝှက်ထိပ်တန်း နျူကလီးယားလက်နက်ဆိုက်များစွာကို ခြေရာခံနေတဲ့ အဖြူရောင်ပူ ဖောင်း ကြီးတစ်ခုကို အမေရိကန်ပြည်ထောင်စုမှာ တွေ့ရှိပြီးနောက် ဒီဘောလုံးတွေဟာ ထိတ်လန့်တုန်လှုပ်ဖွယ် အခြေ အနေမှာရှိနေတာ ဖြစ်ပါတယ်။
Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.