ရန်ကုန် – ဖေဖော်ဝါရီ(၁၆)

မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အဟာရအထောက်အပံ့တွေမှာ အသုံးပြုဖို့ ဒေါ်လာသန်း(၅၀) ထောက်ပံ့သွားမှာဖြစ်တယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) ကတဆင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နဲ့အတူ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တွေက လူပေါင်း(၇၅၀၀၀၀) ကျော်အတွက် အဟာရချို့တဲ့မှုကို ကုစားဖို့နဲ့ ကာကွယ်ဖို့ ကူညီနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။

ဒီထောက်ပံ့မှုမှာ လစဉ်စားနပ်ရိက္ခာခွဲတမ်းတွေပေးအပ်တာနဲ့အတူ အသက်(၅) နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် အဟာရဖြစ်စားသောက် ကုန်တွေပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ(၁၇) သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရော အထောက် အပံ့တွေလိုအပ်နေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က အကူအညီလိုအပ်သူမှာ တစ်သန်းပင်မပြည့်ဘူးလို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၂) သန်းနီးပါးရှိနေပြီး အဲဒီထဲက အများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.