မော်လမြိုင် – ဖေဖော်ဝါရီ(၁၆)
အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင် သတိပေးကာကွယ်နိုင်ဖို့ အတွက် လေကြောင်းကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် ပြည်သူတွေကို ဖိတ်ခေါ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို အချိန်နဲ့ တပြေးညီ သိနိုင်ဖို့အတွက် လေတပ်စခန်း တွေအပါအဝင် လေယာဉ်ကွင်း၊ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့် သတင်းပေးတာတွေ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးတာတွေ လိုအပ်တယ်လို့ ဆိုထား တာပါ။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီး(၂) နှစ်အတွင်း စစ်ကောင်စီဟာ တစ်နိုင်ငံလုံးကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း(၇၀၀) ကျော်ပြုလုပ်ခဲ့ပြီး အဲဒီလေကြောင်းတိုက်ခိုက် မှုတွေမှာ အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထဲမှာတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကျေးရွာရှိ လက်ယက်ကုန်းစာသင်ကျောင်းနဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုတွေမှာ KIO အမှုထမ်းတွေ အပါအဝင် အရပ်သားတွေ အစုအလိုက် အပြုံအလိုက် သေဆုံးတာတွေ ရှိခဲ့တာပါ။
နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော်သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါ တယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လို သူတွေအနေနဲ့ ကာကွယ်ရေးတန်ကြီးဌာနကစီစဉ်ဆောင်ရွက်နေတဲ့ telegram အကောင့် https://t.me/MASurveillance24 ကို ဆက်သွယ်သတင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်