အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ဆက်သွယ်မေးမြန်းချက်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ဆက်နွယ်တဲ့ PDF အဖွဲ့တွေက ပညာရေးကဏ္ဍမှာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ပြီး နိုင်ငံတကာဥပဒေစံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စွပ်စွဲထုတ်ပြန် ထားတယ်။

စစ်ကောင်စီစွပ်စွဲချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလကုန်အထိ NUG အဖွဲ့ရဲ့စေခိုင်းမှုအရ PDF အဖွဲ့တွေက နိုင်ငံတဝန်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်တွေမှာ ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းတွေ မဖွင့်ဖို့ ခြိမ်းခြောက်မှု ၁၁၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်အပေါ် NUG အနေနဲ့ ဘယ်လို တုံ့ပြန်လိုက်လဲ။ ဘာကြောင့် စစ်ကောင်စီက ဒီဖြစ်စဉ်တွေကို ထုတ်ပြန်နေ တာလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်တပ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီက NUG ကို နိုင်ငံတကာဥပဒေစံနှုန်းတွေ ချိုးဖောက်နေတယ်လို့ စွပ်စွဲချက်အပေါ် ဘာများတုံ့ပြန်ချင်လဲ။

ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ ပြန်ကြားရေး ဇော်မဲလုံးလိုလူမျိုးတွေက တောက်လျှောက်လည်း ဒီလိုမျိုး မုသာဝါဒ တွေသုံးပြီးတော့ နည်းလမ်းပေါင်းစုံနဲ့လိမ်လည်လှည့်ဖျားပြီးတော့ လုပ်တဲ့ကိစ္စတွေက ကျွန်တော်တို့ ပြည်သူတွေ အတွက်တော့ အထူးအဆန်းမ ဟုတ်ဘူးပေါ့နော်။ အမှန်အတိုင်းပြောရင် ကမ္ဘာအတွက်လည်း အထူးအဆန်းမ ဟုတ်ဘူး။ စစ်အုပ်စုရဲ့အကျင့်စရိုက်၊ သူတို့ရဲ့ လုပ်လေ့၊ လုပ်ထရှိတဲ့ကိစ္စတွေကို သိထားပြီးသားသူတွေဆိုရင် တော့ တကယ်တမ်းမြေပြင်မှာ ဒီကိစ္စတွေကိုနားလည်မှာဖြစ်ပါ တယ်။ တကယ်တမ်းမြေပြင်မှာ တကယ်ပြည် သူလူထုကို ပစ်မှတ်ထားပြီးတော့ အကြမ်းဖက်မှုတွေ ပြုလုပ်နေတာတွေ၊ သတ်ဖြတ် နေတာတွေ၊ နောက်ပြီးတော့ ပြည်သူလူထုရဲ့အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေတာတွေ၊ နောက်ပြီးတော့ကလေးငယ်ပါမချန်ပေါ့။ ကိုယ်ဝန်ဆောင်မိခင်ပါမချန်၊ အဘိုးအဘွားတွေပါ မချန်လေကြောင်းကနေရော၊ မြေပြင်ကနေရော နည်းလမ်း ပေါင်းစုံနဲ့ ပြည်သူတွေထောင်ပေါင်းများစွာကို သတ်ဖြတ်နေတာတွေ။

နောက်ပြီးတော့ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်တွေဆိုရင်လည်း အိမ်ရာတွေဆိုရင်လည်း ငါးသောင်းကျော် လောက်ရှိတယ်။ မီးရှို့ဖျက်ဆီးခဲ့တာတွေ ရွာတွေကိုဝင်ပြီးတော့ မီးရှို့ဖျက်ဆီးတယ်။ အိမ်အလုံးရေငါးသောင်း ကျော်လောက် ဒါမီးရှို့ဖျက်ဆီးခံရ တာတွေရှိတယ်။ ဒီလိုကိစ္စတွေကို လုပ်ခဲ့သူဟာ အကြမ်းဖက်စစ်အုပ်စုအဖွဲ့ အသွင်အပြင်ကိုပြောင်းသွားတဲ့ တပ်မတော်ဖြစ်တယ်။ မင်းအောင်လှိုင်တို့ဦးဆောင်တဲ့ တပ်မတော်အပြင် သူတို့ တွေ လက်သပ်မွေးထားတဲ့ ပျူစောထီးတို့၊ သွေးသောက်တို့ဆိုတဲ့အဖွဲ့တွေ ဖြစ်တယ်ဆိုတာကို မြေပြင်အခြေအ နေကို တကယ်လေ့လာတဲ့သူတွေဆိုရင် သိကြမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ဒီလိုပဲပုံအတုတွေ သုံးမယ်။ သူတို့လုပ်တဲ့ဟာကို သူများလုပ်တယ်လို့ စွပ်စွဲမယ်။ ဇာတ်လမ်းအတုအယောင်တွေဖန်တီးပြီးတော့ သူတို့ပဲဘာမှမလုပ်သယောင် သူတို့ကတော့ သူတော်ကောင်းကြီးတွေပေါ့။ ကျန်တဲ့သူတွေကတော့ ဒါအကြမ်း ဖက်တွေပဲဆိုတဲ့ အသွင်ကို လက်ရှိအဖြစ်အပျက်နဲ့ လုံးဝဆန့်ကျင်စွာပေါ့။ ဒါတွေကိုပုံဖော်ပြီးတော့ သူတို့တတ် နိုင်သမျှနည်းလမ်း လမ်းကြောင်း တွေကနေပြီးတော့ ပြောနေတဲ့ကိစ္စတွေက ရိုးနေပြီဖြစ်ပါတယ်။

-စစ်ကောင်စီက တစ်ဖက်မှာလည်း စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (လက်ယက်ကုန်းဖြစ်စဉ်) ကလေးသူငယ်တွေ သေဆုံးခဲ့တာတွေရှိတော့ အခုလိုမျိုး NUG ကို စွပ်စွဲပြောဆိုမှုက ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်လို့ ယူဆပါသလဲ။

NUGဘက်ကပြောရမယ်ဆိုရင် NUGအနေနဲ့ အစိုးရတစ်ရပ်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနဆိုတာ ရှိတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့အောက်မှာ တစ်ချိန်ကျရင် ဖက်ဒရယ်တပ်မတော်ဖြစ်လာမယ့် PDF ပြည်သူကာ ကွယ်ရေးတပ်မတော်ကို ပြည်သူ တွေရယ်၊ တိုင်းရင်းသားအင်အားစုတွေရယ် ပေါင်းစပ်ပြီးတော့ တည်ထောင် နေတာ ဖြစ်တယ်ပေါ့နော်။ တကယ့်ကို စနစ်တကျ CODE OF CONDUCTတွေရှိတယ်။ စစ်သည်တော်ကျင့်ဝတ်တွေ၊ အမိန့်ပေးကွပ်ကဲမှုစနစ်တွေ ဒါတွေနဲ့ တပ်မတော်တစ်ရပ်အနေနဲ့ စနစ်ကျတဲ့ တပ်မတော်တစ်ရပ်ပေါ့။

လက်ရှိအကြမ်းဖက်စစ်အုပ်စုအသွင်ကို ကူးပြောင်းသွားပြီဖြစ်တဲ့ မြန်မာ့တပ်မတော်နေရာမှာ အစားထိုးဖို့ အတွက် ကျွန်တော်တို့က ဖက်ဒရယ်တပ်မတော်ဆိုတာကြီးကို ရည်မှန်းပြီးတော့ PDF တွေကို စတင်ပြုစုပျိုး ထောင်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး CODE OF CONDUCT တွေဆိုရင် ပြဌာန်းသတ်မှတ်ထားရုံတင်မကဘူး။ သင်တန်းတွေပေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာကိုစစ်ဆေးတာတွေ ကာကွယ်ရေးဌာနအောက်မှာရှိနေတဲ့ PDF တွေကို စနစ်တကျလေ့ကျင့် သင်ကြားပေးနေတာ ရှိပါတယ်။ PDF တွေပဲဖြစ်ဖြစ်၊ NUG နဲ့ချိတ်ဆက်ထားတဲ့ LOCAL DEFENCE FORCE တွေထဲပဲဖြစ်ဖြစ်၊ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထဲကပဲ ဖြစ်ဖြစ်ပေါ့။

ပြည်သူလူထုအပေါ်မှာ ကျူးလွန်တဲ့ပြစ်မှုမျိုးတွေ၊ အပြစ်မရှိတဲ့ အရပ်သားတွေကို တိုက်ခိုက်တာမျိုးတွေပေါ့။ ဒါမျိုးတွေရှိခဲ့လို့ရှိ ရင်လည်း တိုင်ကြားလာမှုတွေအပေါ်မူတည်ပြီးတော့ ချက်ချင်းကို အရေးယူဆောင်ရွက် တာ တွေ ရှိပါတယ်။ ချက်ချင်းကို စုံစမ်း စစ်ဆေးရေး ကော်မတီဖွဲ့တာတွေမျိုးတွေ ပြီးတဲ့အခါလိုအပ်တဲ့ ဒီလိုကိစ္စ မျိုးတွေမှာ ပါဝင်တဲ့သူတွေကို ချက်ချင်းဖမ်း ဆီးချုပ်နှောင် စစ်ဆေးတာမျိုးတွေ။ ဒါတွေကလည်းပဲ ISSUE တွေ ကိစ္စရပ်တွေပေါ်လာတိုင်း၊ ပေါ်လာတိုင်းမှာ အချိန်မဆိုင်းပဲ ဆောင်ရွက်လျက် ရှိပါတယ်ခင်ဗျ။

-နောက်ဆုံးအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက ကျွန်တော်တို့တိုင်းပြည်ရဲ့ဘဏ္ဍာကိုသုံးစွဲပြီးတော့ ပြည်သူလူထုကို ကာ ကွယ်ရမယ်လို့ သံဓိ ဌာန်ပြုထားရတယ်ပေါ့။ ပြည်သူလူထုကို ကာကွယ်ဖို့တာဝန်ရှိတဲ့ ဒီစစ်တပ်ဆိုတာကြီးက အကြမ်းဖက်အသွင်ကို ပြောင်းလဲသွားတာပေါ့။

အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ စိတ်ဓာတ်ယုတ်ညံ့တဲ့ ဒီစစ်ဗိုလ်ချုပ်တွေရဲ့ ဦးဆောင်မှုကြောင့် တိုင်းပြည်ရဲ့ ဒီစစ်တပ်ဆိုတဲ့တစ်ခု လုံးက အကြမ်းဖက်အုပ်စုဆိုတဲ့ အသွင်ကိုပြောင်းသွားတာဖြစ်တယ်။ ပြောင်းသွားပြီးတော့ သူတို့က သူတို့နဲ့မထိုက်တန်တဲ့ သူတို့ရယူပိုင်ခွင့်မရှိတဲ့ ပြည်သူ့အာဏာကို အကြောင်းအမျိုးမျိုးပြပြီးတော့ မတ ရားလုယူ သိမ်းပိုက်ထားတာ ဖြစ်တယ်။ ဒီလိုအနေအထားတစ်ခုကို ပြည်သူတွေရယ်၊ ပြည်သူလူထုရွေး ကောက်တင်မြှောက်မှုကြောင့် ဖြစ်လာတဲ့ CRPH,NUG,NUCC စသဖြင့်ပေါ့နော် ။ ဒီလိုအင်အားစုအဖွဲ့အစည်း တွေရယ်၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေရယ် ဒါတွေအကုန်လုံးက ပေါင်းပြီးတော့ အကြမ်းဖက် အုပ်စု အသွင်ပြောင်းသွားတဲ့ ဒီစစ်အုပ်စုကြီးတစ်ခုလုံးကို ဖြိုဖျက်ပြီးတော့တိုင်းပြည်ကို ခေတ်သစ်၊ စနစ်သစ် အဖြစ် ထူထောင်နိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေဖြစ်ပါတယ်ခင်ဗျ။ ဒီလက်ရှိအခြေအနေကို ကျွန်တော်တို့ သေချာမြင်ဖို့ လိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုကတော့ ဒီလက်ရှိ အခြေအနေနဲ့ ပြောင်းပြန်ဖြစ်တယ်ဆိုတဲ့ အနေအထားမျိုးကိုတော့ သူတို့ဘက်ကတော့ ပြောမှာ ဖြစ်ပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.