လန်ဒန် – ဖေဖော်ဝါရီ(၁၆) 

ဥရောပမှာ လေထုညစ်ညမ်းမှုကို လျှော့ချဖို့ ကြီးမားတဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၃၅ ခုနှစ်မှာ ဓာတ်ဆီ ဒါမှမဟုတ် ဒီဇယ်လောင်စာဆီသုံး မော်တော်ကားတွေနဲ့ ဗင်ကား အသစ် ရောင်းချတာကို ပိတ်ပင်မယ့် အစီအစဉ်ကို ဥရောပပါလီမန်က အတည်ပြုခဲ့ပါတယ်။ 

နိုင်ငံပေါင်း(၂၇) နိုင်ငံပါဝင်တဲ့ နိုင်ငံများစွာကို ကိုယ်စားပြုတာကြောင့် အီးယူရဲ့ ဆုံးဖြတ်ချက် တွေဟာ ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ် ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့အပြင် အရေးပါတဲ့ ကား ကုမ္ပဏီတွေဟာလည်း အီးယူမှာ အခြေစိုက်ထားကြတာပါ။ 

စည်းမျဉ်းသစ်အရ ၂၀၂၃ ခုနှစ်မှာ အီးယူမှာ ရောင်းချတဲ့ ကားတွေနဲ့ ဗင်ကားတွေအားလုံးဟာ လေထုညစ်ညမ်းမှုကို လုံးဝမဖြစ်ရလို့ ဆိုထားတာဖြစ်ပြီ ကုမ္ပဏီတွေဟာ ဓာတ်ငွေ့ ဒါမှမဟုာတ် ဒီဇယ်လို လောင်စာဆီတွေသုံးတဲ့ ကားအသစ်တွေကို ရောင်းချခွင့်ပြုတော့မှာ မဟုတ်သလို အဲဒီ စည်းကမ်းတွေဟာ လမ်းပေါ်ရှိပြီးသားကားတွေကိုတော့ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ 

အီးယူပါလီမန်ရဲ့ ဥပဒေကမ်းကို အတည်ပြုပြီးဖြစ်ပေမယ့် အီးယူကောင်စီက အတည်ပြုရမှာ ဖြစ်ပြီး မတ်လမှာ ဥပဒေတစ်ခုဖြစ်လာဖို့ရှိတယ်လို့ မျှော်လင့်ထားကြပါတယ်။ 

ဥပဒေကြမ်းဟာ  “Fit for 55” လို့ခေါ်တဲ့ အီးယူရဲ့ ပိုကြီးတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒီအစီအစဉ်ရဲ့ ရည်မှန်းချက်မှာ လေထုညစ်ညမ်းမှုကို ၂၀၃၀ ခုနှစ်မှာ(၅၅) ရာခိုင်နှုန်း လျှော့ချဖို့ ဖြစ်ကာ ၂၀၅၀ မှာတော့ အပြည့်အဝ ကာဗွန်ကင်းစင်ဖို့ ရည်မှန်းထားပြီး လျှပ်စစ်ကားတွေဟာ ဒီ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ 

ဒီဥပဒေသစ်ရဲ့ အဓိက ရည်ရွယ်ချက်မှာ ကားထုတ်လုပ်သူတွေကို လျှပ်စစ်ကား ထုတ်လုပ်ဖို့ လျင်မြန်စွာ ပြောင်းလဲလာစေဖို့ တွန်းအးပေးတာဖြစ်ပြီး ကားကုမ္ပဏီတော်တော်များများက လည်း လုပ်ဆောင်ဖို့ ပြင်ဆင်တာတွေရှိနေတယ်လို့ သိရပါတယ်။ 

နယ်သာလန်နိုင်ငံရေးသမား ဂျန်က ဥပဒေသစ်ဟာ အီးယူရဲ့အစီအစဉ်တွေကို  ကားထုတ်လုပ် သူတွေလိုက်နာဖို့ အလွန်ရှင်းလင်းစေပြီး ရည်မှန်းချက်တွေ ပြည့်မီစေဖို့အတွက် ငွေကြေးနဲ့ အားထုတ်မှုတွေကို အာရုံစိုက်ကူညီပေးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပါလီမန်မဲခွဲဆုံးဖြတ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ် (၃၄၀) က ထောက်ခံခဲ့ပြီး ကန့်ကွက်မဲ(၂၇၉)မဲရှိကာ (၂၁) ဦးကတော့ မဲမပေးခဲ့ကြဘူးလို့ သိရပါတယ်။ 

အီယူမှာ လူ(၁၃) သန်းလောက်ဟာ ကားထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေမှာ လုပ်ကိုင် နေကြပြီး ကန့်ကွက်သူတွေဟာ ဥရောပကားထုတ်လုပ်ရေး လုပ်ငန်းအတွက် အလုပ်လုပ်နေတဲ့ လူထောင်ပေါင်းများစွာကို အလုပ်လက်မဲ့ ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ 

ရာသီဥတုဆိုင်ရာ ထိပ်တန်းလှုပ်ရှားသူ ဖရန်စတီမာမန်းက ဒီအစီအစဉ်ကို နှစ်သက်သည် ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ရုပ်ကြွင်းလောင်စာဆီက ဝေးရာကို ထွက်ခွာကြရမှာဖြစ်တယ်လို့ ဆိုထား ပါတယ်။ 

ထောက်ခံသူတွေကတော့ အီးယူရဲ့ ကားထုတ်လုပ်သူတွေအနေနဲ့ တရုတ်နိုင်ငံလို တခြားနိုင်ငံတွေ နဲ့ အမှီလိုက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

Ref: News for Kids

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.