ပြုံယမ်း – ဖေဖော်ဝါရီ(၁၆) 

မြောက်ကိုရီးယားအာဏာပိုင်တွေက စစ်သားတွေအတွက် ရိက္ခာဖြတ်တောက်တာကို ရာစုနှစ် (၂) ခုကျော်အကြာမှာပထမဆုံး အကြိမ်ပြန်လည်ဆောင်ရွက်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး နောက် နိုင်ငံတွင်းကြုံတွေ့နေရတဲ့ အငတ်ဘေးပိုမိုဆိုးရွာလာနိုင်တယ်လို့ တောင်ကိုရီးယားအစိုးရ က ပြောပါတယ်။ 

နိုင်ငံပိုင်မီဒီယာရဲ့ အစီရင်ခံချက်မှာ ဖော်ပြထားတဲ့ မြောက်ကိုရီးယားအာဏာရပါတီက စိုက်ပျိုး ရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့အစည်းအဝေးကို ကိုးကားပြီး မြောက်ကိုရီးယားဟာ ပြင်းထန်တဲ့ အစာရေဆာ ပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာန က ဆိုထားတာပါ။ 

မြောက်ကိုရီးယားနဲ့ အဓိက ဆက်ဆံရေးဆောင်ရွက်တဲ့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစားအစာ ပြတ်လပ်မှု အခြေအနေ ပိုမိုဆိုးရွားလာပုံရတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားမှာ ရေကြီးတာလို သဘာဝဘေးအန္တရာယ်ကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးတာတွေ ဖြစ်ပေါ်နေပြီး ၁၉၉၀ ခုနှစ် အငတ်ဘေးလို ပြင်းထန်တဲ့ အစာရေဆာပြတ်လပ်မှုတွေ မကြာခင်ခံစားလာရနိုင်တယ်လို့ သိရပါတယ်။ 

နိုင်ငံဟာ နျူကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းဒုံးပစ်လွှတ်တဲ့ အစီအစဉ်ကြောင့် နိုင်ငံတကာ ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ကျရောက်နေပြီး ကိုဗစ် အကြောင်းပြကာ နယ်စပ်ကုန်သွယ်ရေး ကို ကန့်သတ်ထားတဲ့အတွက်လည်း ကိုယ်ကိုတိုင် ပိတ်ဆို့လိုက်သလို ဖြစ်နေတာပါ။ 

တောင်ကိုရီးယားအခြေစိုက် ဒုံအိုင်အီဘို သတင်းစာရဲ့ ဖော်ပြချက်အရ ၂၀၀၂ ခုနှစ်ကစပြီး ပထမဆုံး အကြိမ်အဖြစ် မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ စစ်မှုထမ်းတွေအတွက် နေ့စဉ် ရိက္ခာကို လျှော့ချတော့မှာဖြစ်တယ်လို့ တောင်ကိုရီးယားပေါင်းစည်းရေး အာဏာပိုင်တစ်ဦးရဲ့ ပြောဆို ချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ 

တောင်ကိုရီးယားပေါင်းစည်းရေး ဝန်ကြီးဌာနက မြောက်ပိုင်းမီဒီယာရဲ့ ဖော်ပြမှုကို အသေးစိတ် အတည်မပြုနိုင်သေးပေမယ့် ဝန်ကြီးဌာနနဲ့ တခြားအေဂျင်စီတွေကလည်း ဒီအခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုထားပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံပိုင်သတင်ဌာန KCNA ရဲ့ သတင်းအစီရင်ခံမှုအရ ဖေဖော်ဝါရီလ(၅) ရက်နေ့မှာ အလုပ်သမားပါတီက ဗဟိုကော်မတီအစည်းအဝေးခေါ်ယူပြီး စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ မှန်ကန်တဲ့ မဟာဗျူဟာတစ်ရပ် တည်ဆောက်ရေး အရေးပေါ်လုပ်ငန်းတွေ ကိုဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ 

အမေရိကန်အခြေပြု စောင့်ကြည့်ရေးအဖွဲ့ 38 North က မြောက်ကိုရီးယားရဲ့ အစာရေဆာ ရနိုင်စွမ်းဟာ လူသားတွေ လိုအပ်နေတဲ့ အနည်းဆုံးလိုအပ်ချက်ထက် ကျဆင်းနေပြီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ပိုင်းမှာ အခုလိုအစည်းအဝေးခေါ်ယူတာ ဟာ ရှားပါးအခြေအနေဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

“မြောက်ကိုရီးယား၏ အစားရေဆာအခြေအနေသည် အရမ်း‌ကောင်းနေပုံရတယ်လို့ မမြင်ပါ ဘူး။ အစာငတ်ပြီး သေဆုံးကြမယ့် လူထုစီးကြောင်းကို မတွေ့သေးပေမယ့် ကျွန်ုပ်တို့အခု အရိပ်အယောင် လေးတွေ တွေ့နေရပါတယ်” လို့ တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီး ကွန်ယွန်ဆီ က ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အကူအညီပေးအပ်နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ( WFP) ကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတတော့ မရှိခဲ့ပါဘူး။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.