ဆိုးလ်၊ ဖေဖော်ဝါရီ(၁၆)

တရုတ်နိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံသား ခရီးသွားဧည့်သည်တွေအတွက် ကာလတို ဗီဇာထုတ်ပေးတဲ့ အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်သွားမယ်လို့ ဆိုးလ်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုလုပ်ဆောင်မှုဟာ တောင်ကိုရီးယားဘက်က ပြီးခဲ့တဲ့ တစ်ပတ်အတွင်းဆောင်ရွက်ခဲ့တဲ့ တရုတ်နိုင်ငံသား တွေအပေါ် ကိုဗစ်(၁၉)ဆိုင်ရာခရီးသွားကန့်သတ်ချက်တွေ ဖြေလျှော့ပေးပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာ ပါ။

လာမယ့်စနေနေ့ကစတင်ပြီး လုပ်ငန်းကိစ္စ၊ Transit ကိစ္စနဲ့ အခြားသော ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် တရုတ်နိုင်ငံကို သွားရောက်မယ့် ကိုရီးယားနိုင်ငံသားတွေအတွက် ကာလတိုဗီဇာထုတ်ပေးခြင်းကို ဆိုးလ်မြို့ရှိ တရုတ်သံရုံးနဲ့ ဝန်ထမ်းတွေက ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမယ်လို့ တရားဝင် We Chat အကောင့် ကနေ ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်တွေမြင့်တက်ခဲ့ချိန်တုန်းက တရုတ်နိုင်ငံမှ ခရီးသွားဧည်သည်တွေအတွက် ဂျပန်နဲ့ တောင်ကိုရီးယားဘက်မှ ကန့်သတ်လိုက်တဲ့အခါမှာ တရုတ်အစိုးရဘက်ကလည်း တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံသားတွေအတွက် Transit Visa  ကိုမပေးတော့ပဲ ပြန်လည်ရုတ်သိမ်းခဲ့တာပါ။

တရုတ်အစိုးရအနေနဲ့ ဆိုက်ရောက်ခရီးသည်တွေအတွက် ကွာရန်တင်းဝင်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ လိုက်ပြီးနောက်မှာ ပြည်ခရီးသွားမှုတွေဟာ တရှိန်ထိုးမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.