မော်စကို – ဖေဖော်ဝါရီ(၁၄) 

Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လတ်တလောတွေ့ရှိချက်တွေကို ဆွေးနွေးဖို့ နေတိုး အရးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်သင့်တယ်လို့ ရုရှားနိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

အမေရိကန်ရေတပ်ရဲ့ ရေငုပ်သမားတွေဟာ သမ္မတဘိုင်ဒင်ရဲ့ အမိန့်အရ ဖောက်ခွဲရေးပစ္စည်း တွေနဲ့ ပိုက်လိုင်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ၁၉၇၀ ခုနှစ်မှာ ပူလစ်ဇာဆုရရှိခဲ့တဲ့ စုံစမ်း စစ်ဆေး ရေး သတင်းထောက်ဟီရပ်က သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ဘလော့ ကတဆင့် ပြောခဲ့ပါတယ်။ 

“ပိုက်လိုင်း ပေါက်ကွဲတာ၊ သတင်းသမားတွေက ရရှိတဲ့ အကြောင်းရင်းခံ၊ အခြေအနေအရ အထောက်အထားတွေ ဒီနေရာမှာ လုံလောက်တဲ့ အချက်အလက်တွေ ရှိနေတာပါ” လို့  နိုင်ငံခြားရေးဌာန ပြောခွင့်ရက တယ်လီဂရမ် ပလပ်ဖောင်းက တဆင့် ပြောခဲ့ပါတယ်။ 

ရုရှားဓာတ်ငွေ့ပိုက်လိုင်းမှ ရုရှားဓာတ်ငွေ့ကို ဂျာမနီကို ပေးပို့တဲ့ Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနောက်ကွယ်မှာ အမေရိကန်ရှိနေတယ်လို့ ဆိုတာတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ငြင်းဆိုထားပါတယ်။ 

“ဒါဆို အခြေအနေကို ပြန်လည်သုံးသပ်ဖို့ အရေးပေါ် နေတိုးထိပ်သီးအစည်းအဝေး ဘယ် အချိန်မှာ တွေ့ဆုံမှာလဲ” လို့ မေးခွန်းထုတ်တာတွေရှိနေပြီး နေတိုးကို မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုမှုကိုလည်း တုန့်ပြန်ခဲ့တာမရှိဘူးလို့ သိရပါတယ်။ 

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ သီးသန့်စီးပွားရေးဇုန်တွေမှာ ဆွီဒင်နဲ့ ဒိန်းမတ်တို့က ပိုက်လိုင်းတွေကို တမင်ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုနေကြပေမယ့် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကိုတော့ ပြောဆိုထားတာမရှိသေးပါဘူး။ 

အမေရိကန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့တို့က ဒီဖြစ်ရပ်ကို အဖျက်အမှောင့်လုပ်ရပ်တစ်ခု လို့ ဆိုထားပြီး ပေါက်ကွဲမှုတွေကို ရုရှားက အနောက်နိုင်ငံတွေကို အပြစ်တင်ထားပေမယ့် သက် သေပြထားတာတော့ မရှိဘူးလို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.