ဖနွမ်းပင် – ဖေဖော်ဝါရီ(၁၄) 

ကမ္ဘောဒီးယား ခေါင်းဆောင်ဟွန်ဆန်ရဲ့ သားဖြစ်သူနဲ့ပတ်သက်တဲ့ သတင်းဖော်ပြမှုကြောင့် အမှီအခိုကင်းပြီး လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Voice of Democracy ကို ပိတ်ပစ်ဖို့ သမ္မတဟွန်ဆန်က အမိန့်ပေးခဲ့ပါတယ်။ 

ကမ္ဘာ့ကာလအရှည်ကြားဆုံးခေါင်းဆောင်တွေထဲမှာအပါအဝင်ဖြစ်တဲ့ မစ္စတာဟွန်ဆန်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး အတိုက်အခံပြုလုပ် သူအားလုံးကို ဖြိုခွင်းနေတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ 

ခမာ၊အင်္ဂလိပ်ဘာသာတို့နဲ့ ထုတ်လွှင့်နေတဲ့ Voice of Democracy သတင်းဌာနဟာ မစ္စတာ ဟွန်ဆန်နဲ့ သူ့အစိုးရကို မကြာခဏဝေဖန်လေ့ရှိနေတာဖြစ်ပါတယ်။ 

Voice of Democracy သတင်းဌာနရဲ့ လုပ်ငန်းဆောင်ရွက်ခွင့်လိုင်စင် ရုတ်သိမ်းမှာဖြစ် ပြီး ဖေဖော်ဝါရီလ(၁၂) ရက်နေ့ မနက်(၁၀)နာရီမှာ ထုတ်လွှင့်မှုအားလုံး အဆုံးသတ်ရမှာ ဖြစ်တယ်လို့ သမ္မတဟွန်ဆန်က ပြောပါတယ်။ 

ဒီဆောင်ရွက်ချက်ဟာ ဖေဖော်ဝါရီလ(၉) ရက်နေ့ သတင်းအစီရင်ခံမှုနဲ့ ပတ်သက်တဲ့ ရုပ်သံ တစ်ခုမှာ မစ္စတာဟွန်ဆန်ရဲ့ အကြီးဆုံးသား ဒုတိယဗိုလ်ချုပ်ကြီး ဟွန်မနက်ဟာ လူပေါင်း (၃၅၀၀၀) ကျော်သေဆုံးခဲ့တဲ့ ငလျင်ကြောင့် တူရကီနိုင်ငံကို ဘဏ္ဍာရေးအကူအညီတွေ အတည်ပြုခဲ့တယ်လို့ ဖော်ပြထားပြီး ဒီစွပ်စွဲချက်ကို ဝန်ကြီးချုပ်ဟွန်ဆန်က ငြင်းဆိုထား ပါတယ်။ 

အနာဂတ်မှာ သားဖြစ်သူကို သူ့နေရာမှာ အစားထိုးဖို့ အလိုရှိနေတဲ့ မစ္စတာဟွန်ဆန်ဟာ အမေရိ ကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကူအညီကိုလက်မှတ်ရေးထိုး ထားတယ်လို့ ဆိုထားပါတယ်။ 

“ဂုဏ်သိက္ခာအရေးကို အကာအကွယ်ပြုရန်ဆိုတဲ့ အစိုးရရဲ့ အမည်နာမအတိုင်းပဲ VOD မီဒီယာ ကို ယခုအချိန်မှ စတင်ပြီး လိုင်စင်ရုတ်သိမ်းဖို့ သတင်းအချက်အလက်ဝန်ကြီးဌာနကို အမိန့် ထုတ်ပြန်ပြီးဖြစ်သလို မနက် ၁၀ နာရီ အတိမှာ ထုတ်လွှင့်မှုတွေကို အကုန်ရပ်တန့်ရမှာပါ။  

ရေဒီယိုအပါအဝင် ထုတ်လွှင့်မှုအမျိုးအစားအားလုံးကို ကျွန်ုပ်တို့ဘက်က ပိတ်ဆို့လိုက်တာဖြစ် ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ လက်နဲ့တောင် ထိမှာမဟုတ်ပါဘူး” လို့  ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် Voice of Democracy ကို ထောက်ပံ့နေတဲ့ နိုင်ငံခြားအစိုးရတွေကိုလည်း တခြားနိုင်ငံ ဒါမှမဟုတ် ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲကိသာ ရန်ပုံငွေတွေပြန်ယူကြဖို့နဲ့ VOD သတင်းထောက် တွေကိုလည်း တခြားနေရာမှာ အလုပ်သစ်ရှာကြဖို့ သူက ပြောပါသေးတယ်။ 

သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး ရှုပ်ထွေးစေမှုတွေအတွက် နောင်တဖြစ်ရတယ်လို့ ရေးသား ထားတဲ့ VOD ရဲ့ စာတစ်စောက်ကို ဟွန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပြီး နောင်တ ဆိုတဲ့ စကားလုံးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းခံချက်ကို မစ္စတာဟွန်ဆန်ဘက်က လက်ခံနိုင်တယ် လို့ ဆိုနေကြပါတယ်။ 

လက်ရှိအချိန်ထိ ခမာဘာနဲ့ ဖော်ပြထားတဲ့ Voice of Democracy ရဲ့ ရုပ်သံဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့နေသေးတယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုက် ဟွန်ဆန် ပိတ်ဆို့တားမြစ်ခံလိုက်ရတဲ့ Voice of Democracy သတင်းဌာနကို ၂၀၀၃ ခုနှစ်မှာ စတင်ပြီး ရုပ်သံထုတ်လွှင့်ခဲ့ကာ အားပေးသူ ဖော်လိုဝါ (၂) မီလျံကျော်ရှိတဲ့ သတင်းဌာန ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး Voice of Democracy ကို မှတ်ချက်တစုံတရာ ပေးဖို့ တောင်းဆိုခဲ့ ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိဘူးလို့ AFP က ဖော်ပြထားပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.