မြိတ် – ဖေဖော်ဝါရီ(၁၄)

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၃) ရက်နေ့ မနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ပဲပြုတ်နံပြားကျွေးတဲ့ ဇနီးမောင်နှံနှစ်ဦး ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဇနီးမောင်နှံနှစ်ဦးဟာ မြိတ်မြို့ ပါရမီရပ်ကွက် ကဖြစ်ပြီး သူတို့ကို ပဲပြုတ်နံပြားကျွေး လို့ စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ပဲပြုတ်နံပြားကျွေးလို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လင်မယားနှစ်ယောက်လုံးကို မနက်ပိုင်းမှာ ဖမ်းဆီးပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် မြိတ်မြို့ပေါ်မှာ ရှိတဲ့ နေအိမ်တချို့မှာလည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ပဲပြုတ်နံပြားကျွေးဖို့ စီစဉ်ထားကြပေမယ့် ပါရမီရပ်ကွက်က ဇနီးမောင်နှံ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းကြောင့် ပဲပြုတ်နံပြား ပါဆယ်ထုပ်တွေကိုသာ ဝေခဲ့ကြရတယ်လို့ သိရပါတယ်။

နှစ်စဉ် ဖေဖော်ဝါရီလ(၁၃) ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နံပြားကျွေးတာ၊ အထ်ိမ်းအမှတ်အခမ်းအနားပြုလုပ်တာတွေကို ပြည်သူတွေက ကျင်းပပေးကြပါတယ်။

နိုင်ငံတော်အဆင့်အနေနဲ့ လည်း မြန်မာ့ကလေးများနေ့အဖြစ် သတ်မှတ်ပြီး မူကြိုကျောင်းတွေ မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာအပြင် စာပေဟောပြောပွဲတွေလည်း ပြုလုပ်တာတွေရှိနေတယ် လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.