ဘန်ကောက်၊ ဖေဖော်ဝါရီ(၁၄)

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ကျင်းပနေစဉ်အတွင်း  ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ လှည့်စားမှုတွေကို သတိထားဖို့အတွက် ထိုင်းရဲတွေက သတိပေးလိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် အချစ်ဇာတ်လမ်းဆင်တဲ့ လိမ်လည်မှုတွေအပြင် ဆိုက်ဘာရာ ဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒီလိုနေ့ကို အခွင့်ကောင်းယူ အသုံးချနေသူတွေရှိတယ်လို့ ထိုင်းတော်ဝင်ရဲ တပ်ဖွဲ့ နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲမှ လက်ထောက်အကြီးအကဲက သတိပေးခဲ့တာပါ။

လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်ခံရတဲ့အခြေအနေဟာ အဝတ်အစားမပါတဲ့ဓါတ်ပုံတွေ ဒါမှမဟုတ် ဗီဒီယိုဖိုင်တွေ ရိုက်ကူးဖို့၊ ပို့ပေးဖို့ဖိအားပေးတောင်းဆိုခံရတာတွေအပြင် နောက်ဆက်တွဲအနေနဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်တဲ့အထိ ဖြစ်ပေါ်လေ့ရှိတယ်လို့ မစ္စတာ ဆီရီဝတ်က ပြောကြားခဲ့ပါတယ်။

“ဒီရာဇဝတ်မှုတွေက အကြမ်းဖက်ခံရသူရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ငွေကြေးအရ  အမြတ်ထုတ်ခြင်း လည်း ခံရနိုင်ပါတယ်” လို့ သူကသတိပေး ပြောဆိုထားတာပါ။
မိမိကိုယ်ကို အဆုံးစီရင်သူတွေရဲ့ သူငယ်ချင်းတွေနဲ့ အသိမိတ်ဆွေတွေကလည်း မကြာခဏဆိုသလို တရားခံ တွေအဖြစ် မြင်တွေ့ရလေ့ရှိတာကြောင့် အတွဲတွေကို အထူးသတိပေးလိုခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် လိင်ပိုင်း ဆိုင်ရာ အဓမ္မပြုကျင့်မှုကလည်း အန္တရာယ်ရှိတဲ့အခြေအနေအဖြစ် ထည့်တွက်သင့်ပါတယ်လို့ မစ္စတာ ဆီရီဝတ် က ပြောထားပါတယ်။

“ရုန့်ရင်းကြမ်းတမ်းတဲ့ ဓါတ်ပုံတွေ၊ လိင်မှုရေးရာ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး အထူးဂရုပြုဖို့ ကျွန်တော်တို့က အထူးမှာချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက လိင်ပိုင်းဆိုင်ရာ နှိပ်စက်အမြတ်ထုတ်မှုရ့ အဓိက အကြောင်းအရင်းဖြစ်နိုင်ပါတယ်” လို့ သူကဆက်လက်ပြောကြားခဲ့တာပါ။

ပေါင်းစပ်လိမ်လည်မှုတွေလည်းရှိနေပြီး ဒီလိုပူးပေါင်းလိမ်လည်မှုတွေမှာ ကိုယ်ပွားစနစ်တွေလည်းပါဝင်နေတာ ကို ဂရုပြုဖို့လိုတယ်လို့ ထိုင်းရဲတွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ လက်ခံရရှိတဲ့ လိင်မှုဆိုင်ရာခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ ပတ်သက်တဲ့ တိုင်ကြားချက် တွေဟာ စုစုပေါင်း ၄၀၀ ကျော်ရှိနေတယ်လို့လည်း ထိုင်းရဲတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့် စုစုပေါင်း ငွေကြေးဆုံးရှုံးမှုခန့်မှန်းခြေ ဘတ်ငွေ သန်း ၁၉၀ အထိရှိနေပြီလည်း ဖြစ်ပါတယ်။
Ref, The Nation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.