မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၂)

တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ မွန်ပြည်နယ်အဆင့်မှာ ပါတီမှတ်ပုံ တင်ဖို့ ပါတီဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြန်လည်မှတ်ပုံတင်ဖို့ ဗဟိုကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ခေါ်ယူခဲ့တာပါ။

ဒီကနေ့ ခေါ်ယူတဲ့ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်နယ်အဆင့်မှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပြီး ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကိုတော့ ရက်ပေါင်း ၆၀ အတွင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ လျှောက်ထားသွားမယ်လို့ သိရပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၁၂ နေရာ အနိုင်ရရှိခဲ့ ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နှောင်းပိုင်းမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်မှာ အနိုင်ရကိုယ်စားလှယ် ၂ ဦး စေ လွှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီပြဌာန်းလိုက်တဲ့ မှတ်ပုံတင်ဥပဒေမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် ပါတီဆိုရင် မှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်းနဲ့ ရန်ပုံငွေသိန်းတစ်ထောင်အပါအဝင် ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး ၁၆၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်လှစ်ရမှာပါ။န

ိုင်ငံရေးပါတီတချို့ကတော့ စစ်ကောင်စီပြဌာန်းလိုက်တဲ့ ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုမှာသာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လာကြတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီတို့က လာလျှောက်ထားတယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

All reactions:760You and 759 others

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.