ဝါရှင်တန် – ဖေဖော်ဝါရီ(၁၂)

အမေရိကန်ပြည်ထောင်စုက မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စုနဲ့ နားလည်မှုစာချွန်လွှာ (MOU) ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၀) ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ 

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကြီးမားတဲ့ ပစိဖိတ်ဒေသကို ကာကွယ်ဖို့ ရည်ရွယ်ချက်တွေအတွက် အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အသစ်တွေနဲ့အတူ ပစိဖိတ်ကျွန်းနိုင်ငံသုံးနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ အနာဂတ်အကူအညီပေး ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။ 

ပြီးခဲ့တဲ့လက ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ မာရှယ်ကျွန်းနဲ့ ပါလူသမ္မတနိုင်ငံတို့နဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်ရဲ့ စီးပွားရေးအကူအညီဆိုင်ရာ သဘော တူညီချက်တွေ ပြုလုပ်ခဲ့တယ်လို့ ဝါရှင်တန်က ဆိုထားပြီး အသေးစိတ်အချက်အလက်တွေ ကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။ 

မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စုအတွက် တောင်းဆိုမယ့် အနာဂတ်အမေရိကန် အကူအညီ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး မျှဝေမှုကို ထင်ဟပ်စေတဲ့ နောက်ဆုံးနားလည်မှု စာချွန်လွှာက အတည်ပြုတယ်လို့ ဆိုထားပါတယ်။ 

“နားလည်မှုစာချွန်လွှာသည် လက်ရှိလုပ်ဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စုနှင့် ပစိဖိတ် ကျွန်းစု အချုပ်အခြာအာဏာပိုင်နိုင်ငံ သုံးခုကြား နိုင်ငံတကာ သဘောတူညီချက်တစ်ခုဖြစ်သည့် Compact of Free Association (COFA) စေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်မှတ် ရေးထိုးခဲ့ပြီး နှစ်နိုင်ငံလုံးနှင့် ပစိဖိတ်ဒေသတစ်ခုလုံးကို ဆက်လက်အကျိုးပြုစေမယ့် ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးတွေအတွက် ကျွန်ုပ်တို့၏ ဘုံမျှော်မှန်းချက်ကို အတည် ပြုပါသည်” လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေက စိုးရိမ်မှုတွေ ရှိနေတဲ့အချိန်မှာ ဒီကြေညာချက်ထွက်ပေါလာတာဖြစ်ပါတယ်။ 

၁၉၈၀ ခုနှစ်တွေအတွင်း ပထမဆုံးသဘောတူခဲ့တဲ့ (COFA) အောက်မှာ အမေရိကန်က သူတို့ရဲ့ စီးပွားရေးအကူအညီပေးနေချိန်အတွင်း ကျွန်းနိုင်ငံသုံးနိုင်ငံရဲ့ ကာကွယ်ရေးတာဝန်ကို ဆက် လက်ထိန်းသိမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။ 

COFA ပြဋ္ဌာန်းချက်တွေကို မာရှယ်ကျွန်းနဲ့ မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စုအတွက် ၂၀၂၃ မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပါလူသမ္မတနိုင်ငံအတွက် ၂၀၂၄ မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကျွန်းနိုင်ငံတွေဟာ အမေရိကန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေဆဲဖြစ်ပြီး စီးပွားရေးအကူအညီတွေ အပြီးသတ်ဖို့ ပျက်ကွက်တာတွေကြောင့် ငွေကြေးထောက်ပံ့မှု၊ကုန်သွယ်မှုနဲ့ ခရီးသွားလာရေး တိုးမြှင့်ဖို့အတွက် တရုတ်နိုင်ငံကို ရှာဖွေနိုင်တယ်လို့ ဝေဖန်သူတွေက သတိပေးထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.