ဘန်ကောက်- ဖေဖော်ဝါရီ(၁၂)

ဒီနှစ်ချစ်သူများနေ့မှာ နှင်းဆီအနီတွေမပေးဘဲ ချစ်သူကို ကြက်သွန်နီတွေပေးဖို့ ထိုင်းဝန်ကြီချုပ် ပရာယွတ်ချန်အိုချာက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆရီဆာခပ်ပြည်နယ်က ကြက်သွန်နီအသေးစားတွေ စိုက်ပျိုးတဲ့ တောင်သူတွေကို ပံ့ပိုးကူညီဖို့အတွက် လာမယ်ချစ်သူများနေ့မှာ ချစ်ခြင်းမေတ္တာ သင်္ကေတ လက်ဆောင်အနေနဲ့ ကြက်သွန်ပန်းစည်းတွေ ပေးကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တာပါ။ 

ဆရီဆာခပ်ပြည်နယ်ကို အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးသွားရောက်ရင်း ကြက်သွန်စိုက် တောင်သူတွေဆီ သွားရောက်လေ့လာအပြီးမှာ အခုလိုတိုက်တွန်းချက်ထွက်ပေါ်လာတာဖြစ်ပါ တယ်။ 

ဒါ့အပြင် ဝန်ကြီးချုပ်က ကြက်သွန်အပြင် ပြည်နယ်အတွင်း လက်ဖက်ခြောက်ထုတ်လုပ်မှုတွေ ကိုလည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။ 

ဆရီဆာခပ်က တောင်သူတွေစိုက်ပျိုးထားတဲ့ ကြက်သွန်နီတွေကို ချစ်သူများနေ့ လက်ဆောင် အဖြစ် ပေးဖို့အတွက် ချစ်ရတဲ့သူကို ဆရီဆာခပ်မှ ကြက်သွန်နီတွေ လက်ဆောင်ပေးပါ ဆိုတဲ့ စာတမ်းရေးသားထားတဲ့ ထုပ်ပိုးပြင်ဆင်ပြီးသား ကြက်သွန်နီထုပ်တွေ စျေးကွက်ထဲတင့်ခု့ထား ပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ဒီနှစ်ရဲ့ ကြက်သွန်နီလက်ဆောင်ပေးမယ့် ချစ်သူများနေ့အစီအစဉ်ကို Shell ကုမ္ပဏီက တောင်သူ တွေကို စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်က Shell ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့ ဓာတ်ငွေ့အလွန်အကျွံထုတ်ယူသုံးစွဲမှု နောက်ဆက်တွဲအဖြစ် လယ်ယာလုပ်ငန်းခွင်ထိခိုက်ခဲ့တာကြောင့် တောင်သူလယ်သမားတွေကို ကူညီဖို့ Shell Go+ အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

ထိုင်းမီဒီယာတွေက ဝန်ကြီးချုပ်ပရာယွတ်ရဲ့ တိုက်တွန်းမှုကြောင့် ချစ်သူများနေ့မှာ ကြက်သွန်နံ့ တွေလှိုင်လှိုင်ထနေပြီလို့ အရွှန်းဖောက်နေကြပါတယ်။

Ref,The Thaiger’s Guide

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.