သထုံ၊ ဖေဖော်ဝါရီ(၁၁)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ဘားအံမြို့နယ်မှာ BGF တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဘားအံမြို့နယ် မိတ္ထီလာကျေးရွာအတွင်း စခန်းချထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF မိတ္ထီလာစခန်း ပတ်လည်မှာ ထောင် ထားတဲ့ မြေမြှုပ်မိုင်းတွေကို အရပ်သား ၂ ဦး နင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် မိတ္ထီလာကျေးရွာ အသက် (၅၈)နှစ်အရွယ် ဒေါ်နောငယ်မှာ ဘယ်ခြေထောက်ပြတ်ရှဒဏ်ရာ၊ အသက် (၅၅)နှစ်အရွယ် စောတာလာကွေးမှာ မိုင်းနင်းမိကာ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်အဲဒီစခန်းဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ (BGF-၁၀၁၄)တပ်ရင်း၊ တပ်ခွဲ (၂) တပ်စခန်း တစ်ခုဖြစ်ပြီး တပ်ရင်းမှူး-ဗိုလ်မောင်ချစ် ဦးစီးတဲ့ တပ်ခွဲစခန်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

မိတ္ထီလာစခန်းရှိ BGFတပ်ဖွဲ့ဝင်တွေဟာ စခန်းအနီးတဝိုက်မြေမြုပ်မိုင်းတွေ ထောင်ထားတာကြောင့် ဆိတ်၊ ကျွဲနဲ့ နွားမွေးမြူပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်နေတဲ့ ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာ တာပါ။

မွန်ပြည်နယ်၊ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာအနီး ကင်းစခန်းချထားတဲ့ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ တစ်ပတ်အတွင်း ဒေသခံ ၃ ဦး ဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.