ကရာချီ – ဖေဖော်ဝါရီ(၁၁) 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ပါကစ္စတန်နိုင်ငံအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁.၁) ဘီလျံ ခွင့်ပြုမယ့် သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းဖို့ အချိန်ပိုပေးဖို့ ဘဏ္ဍာရေး ဝန်ကြီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ရေကြီးမှုနဲ့ကြုံတွေ့ထားရတဲ့ ပါကစ္စတန်ဟာ နိုင်ငံခြားငွေကြေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ရန်ပုံငွေရယူဖို့ ကြိုးပမ်းမှုအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းတည်းက ဆွေး နွေးပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတာပါ။ 

၂၀၂၂ ခုနှစ်ဒီဇင်ဘာလမှာ ကနဦးမျှော်မှန်းချက်တစ်ခုနဲ့ စီးပွားရေးပြိုလဲမှုက ကာကွယ်ဖို့ IMF ရဲ့ အမေရိကန်ဒေါ်လာ (၆.၅) ဘီလျံ ထောက်ပံ့မှုရဲ့ တစ်စိတ်တစ်ပိုင်းကို မျှော်လင့်ထားတာဖြစ်တယ် လို့သိရပါတယ်။ 

“ပါကစ္စတန်နှင့် IMF တို့ကြား ဝန်ထမ်းအဆင့် သဘောတူညီချက်ကို မကြာမီ အကောင် အထည် ဖော်နိုင်လိမ့်မည်၊ IMF မစ်ရှင်က ဝန်ထမ်းအဆင့်ညှိနှိုင်းမှုတွေအတွက် အချိန်ပိုတောင်းတယ်” လို့ ဘဏ္ဍာရေးဝန်ကြီးဌာနအကြီးတန်းအရာရှိက ပြောခဲ့ပါတယ်။ 

နှစ်ဘက်လုံးရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေနဲ့ ကြိုတင်အစီအမံတွေကို သဘောတူညီ ခဲ့သလို သက်ဆိုင်ရာ ဝန်ထမ်းအဆင့်ဆွေးနွေးပွဲကို အပြီးသတ်ဖို့ စီစဉ်ထားတယ်လို့ သူက ပြော ပါသေးတယ်။ 

ရန်ပုံငွေထုတ်ပေးဖို့အတွက် ပါကစ္စတန်နဲ့ ဝန်ထမ်းအဆင့် သဘောတူညီချက်တစ်ခု ရရှိဖို့ လိုအပ်ပြီး ဝါရှင်တန်အခြေစိုက် IMF ရုံးချုပ်ရဲ့ ခွင့်ပြုချက်ရရှိပြီးရင် သဘောတူညီမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြင်ပငွေပေးချေမှုဆိုင်ရာ စည်းမျဉ်းတွေကို ပျက်ကွက်တာက တားဆီးဖို့ အဲဒီငွေဟာ ပါကစ္စတန် အတွက် လိုအပ်ပြီး IMF သဘောတူညီချက်ဟာ တခြားအဖွဲ့အစည်းတွေနဲ့ အစိုးရတွေအတွက် ရန်ပုံငွေပံ့ပိုးပေးဖို့ စတင်တာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ 

“ဒီနေ့ကိစ္စတွေ ပြေလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ သဘောတူညီချက်တစ်ခု အောင်မြင်ပြီး ရန်ပုံငွေများ ကွဲထွက်သွားပါက ကန်ဒေါ်လာ ၁.၄ ဘီလီယံဟာ ၆.၅ ဘီလီယံထဲ ကျန်ရှိနေမှာဖြစ်တယ်” လို့ ဘဏ္ဍာရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပါကစ္စတန် သတင်း စာက ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဝန်ကြီးချုပ် ရှာရစ်ဖ်က ပါကစ္စတန်ရဲ့ စီးပွားရေး အခြေအနေဟာ စိတ်ကူးပင်မယဉ်နိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ ဆိုထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.