ဘန်ကောက်၊ ဖေဖော်ဝါရီ(၁၁)

ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးဧရိယာ BMA ရဲ့ လုံခြုံရေးကင်မရာတွေက ဗီဒီယိုမှတ်တမ်းတွေကို အွန်လိုင်းစနစ် လမ်းကြောင်း၊ ဒါမှမဟုတ် CCTV စင်တာ (၁၃)ခုကနေတဆင့် တောင်းခံနိုင်ပြီဖြစ်တယ်လို့ BMA ရဲ့ ယာဉ်စည်း ကမ်းနဲ့ သယ်ယူပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားလိုက်ပါတယ်။

BMA ဟာ လူထုလုံခြုံရေးတိုးမြှင့်ဖို့နဲ့ ပြစ်မှုတွေအပါအဝင်၊ ယာဉ်စည်းကမ်းကိစ္စရပ်တွေကို အစီရင်ခံနိုင်ဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကူညီနိုင်ဖို့အတွက် မြို့တော်တဝှမ်းမှာ CCTV ကင်မရာပေါင်းများစွာကို တပ်ဆင်ထားရှိ ပြီးဖြစ်ပါတယ်။

ဗီဒီယိုမှတ်တမ်းရယူဖို့အတွက် လျှောက်ထားသူဟာ အခင်းဖြစ်ပွားရာ သက်ဆိုင်ရာ နယ်မြေရဲရုံးက အစီရင်ခံ စာကို ပူးတွဲ တင်ပြရမယ်လို့ ဆိုပါတယ်။

 “လျှောက်လွှာနှင့်အတူ အဲဒီရဲတိုင်စာနဲ့ လျှောက်ထားသူရဲ့ မှတ်ပုံတင်ကို ပူးတွဲတင်ပြရပါမယ်။ တကယ်လို့ ကိုယ်စားတင်မယ်ဆိုရင်တော့ အဲ့ဒီကိုယ်စားလှယ်လွှဲစာနဲ့ ကိုယ်စားလျှောက်ထားသူရဲ့ မှတ်ပုံတင်လိုပါမယ်” လို့ BMA ညွှန်ကြားရေးမှူးက အသိပေးပြောကြားခဲ့တာပါ။

ဗီဒီယိုမှတ်တမ်းလျှောက်ထားလိုသူတွေဟာ ဘန်ကောက်ဧရိယာ ခရိုင်ခွဲ ၁၃ နေရာမှာရှိတဲ့ BMA CCTV စင်တာတွေမှာ စာရွက်စာတမ်းသွင်းကာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဗီဒီယိုမှတ်တမ်းအဟောင်းတွေကို ဖိုင်အသစ်တွေက နေရာယူ အစားထိုးမှုတွေရှိတာကြောင့် မှုခင်းဖြစ်ပွားပြီး မကြာမီအချိန်အတွင်းမှာပဲ လျှောက်လွှာတင်သွင်းပေးကြဖို့ သူကတောင်းဆိုထားပါတယ်။

Ref: Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.