ဘန်ကောက် – ဖေဖော်ဝါရီ(၁၁) 

စစ်တပ်အာဏာသိမ်းမှုနဲ့အတူ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ မလေးရှားဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။  

ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ် စတင်တာဝန်ယူတဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်းတည်းက ထိုင်းနဲ့မလေးရှားကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ အခုလိုပြောခဲ့တာပါ။ 

ထိုင်းနိုင်ငံဟာ မြန်မာအပေါ့ စွဲချက်တင်တဲ့ ကိစ္စတွေကို အကာအကွယ်ပေးတာတွေရှိခဲ့သလို စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ပုံမှန်အတိုင်း ထိန်းသိမ်းတဲ့အတွက်ကြောင့်လည်း နိုင်ငံတကာရဲ့ ဝေဖန်တာကို ခံနေရတာဖြစ်ပါတယ်။ 

“ဒီနေရာမှာ မြန်မာစစ်တပ်နှင့် အပြုသဘောဆောင်တဲ့ ညှိနှိုင်းစေ့စပ်မှုလို့ ခေါ်တဲ့ အရာဟာ အနည်းအကျဥ်းမျှသာ လုပ်ဆောင်နိုင်တယ်လို့ကျွန်ုပ်တို့ ထင်ပါတယ်။ ဒါပေမယ့် ထိုင်းဝန်ကြီး ချုပ်ဟာ နေရာအမှန်မှာ ရှိနှင့်ပြီးသားပါ၊ ကျွန်ုပ်တို့ရဲ့ အမြင်သဘောထားတွေကို ထင်ဟင် ပြသ နိုင်တဲ့ ကောင်းမွန်တဲ့နေရာမှာ ရှိနှင့်ပြီးသားပါ”လို့  မလေးဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

ထိုင်းအစိုးရဟာ တခြားအာဆီယံနိုင်င့တွေကို ချန်ထားပြီး လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်နဲ့ အာဏာသိမ်းစစ်ကောင်စီရ့ သံအမတ်တို့ရဲ့ တရားမဝင်ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေး ထားပါသေးတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အာဆီယထိပ်သီးအစည်းအဝေးကနေ စစ်ကောင်စီအတွက် ဘုံသဘော တူညီချက် (၅) ရပ်ကို အဆိုပြုထားပေမယ့် စစ်ကောင်စီဘက်က လိုက်ပါလုပ်ဆောင်နေတာမရှိ သေးပါဘူး။ 

အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လိုက်ပါဖို့ပျက်ကွက်ခဲ့တဲ့ စစ်ကောင်စီကို အာဆီယံထိပ် သီးအစည်းအဝေးတွေမှာ ချန်လှပ်ထားတာ (၁) နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 

Ref:AFP၊REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.